“ထားဝယ်တက္ကသိုလ်မှာ Diploma in Business Law ဖွင့်လှစ်မည်”
10 Jan
ထားဝယ်တက္ကသိုလ် ဥပဒေပညာဌာနတွင် စီးပွားရေးဥပဒေပညာဒီပလိုမာ Diploma in Business Law (DBL)သင်တန်း အမှတ်စဉ်(၁)ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်မှာ စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ ဒီပလိုမာသင်တန်းကို တက္ကသိုလ်၊ ဒီဂရီကောလိပ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူများ လျှောက်ထားနိုင်ပြီး အစိုးရဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဌာနအကြီးအကဲ၏ သင်တန်းတက်ရောက်ခွင့်ပြုကြောင်း အထောက်အထား တင်ပြရမှာဖြစ်ပါတယ်။ သင်တန်းကို ဇန်နဝါရီလ ၁၂ ရက်မှာ စတင်ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းကာလ ၉ လကြာ တက်ရောက် ရမည်ဖြစ်ကာ သင်တန်းအချိန်မှာ တနင်္လာနေ့မှ သောကြာနေ့အထိ နံနက် ၇ နာရီမှ ၉ နာရီအထိ ဖြစ်ပါတယ်။ သင်တန်းလျှောက်လွှာများကို ဇန်နဝါရီလ ၆ ရက်မှ ၉ ရက်အထိ ထားဝယ်တက္ကသိုလ်၊ ဥပဒေပညာဌာနတွင် တင်သွင်းရမည်ဖြစ်ပြီး ဝင်ခွင့်ရရှိသူများကို ဇန်နဝါရီလ ၁၁ ရက်တွင် ကြေညာပေးမှာ ဖြစ်ပါတယ်။ (NVS 004)
10 Jan