“သမိုင်းဝင် မဟာမကုဋရံသီ ဆံတော်ရှင်မြတ်မော်တင်စေတီတော်မြတ်ကြီးအား နိုင်ငံတော်ယာယီသမ္မတ ဖူးမြှော် ကြည်ညို”

10 Jan

နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ဟိုင်းကြီးကျွန်းမြို့ရှိ သမိုင်းဝင် မဟာမကုဋရံသီ ဆံတော်ရှင်မြတ်မော်တင်စေတီတော်မြတ်ကြီးကို ဇန်နဝါရီလ ၉ ရက်က သွား‌‌ရောက်ဖူးမြှော်ကြည်ညိုခဲ့ကြပါတယ်။ နိုင်ငံတော်ယာယီသမ္မတက စေတီတော်ရင်ပြင်တော်တိုးချဲ့ခြင်း၊ ပြုပြင်မွမ်းမံတည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့မှုကို ကြည့်ရှုစစ်ဆေးပြီး စေတီတော်ပရိဝုဏ်နှင့် သာသနိကအဆောက်အဦများအတွင်း ရေဝင်ရေထွက် ကောင်းမွန်စေရေးနှင့် သန့်ရှင်းသပ္ပါယ်ကြည်ညိုဖွယ် ဖြစ်စေရေးဆောင်ရွက်ရန်၊ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရာသီဥတုဒဏ်ခံနိုင်မှုရှိစေရေး စနစ်တကျတွက်ချက်ဆောင်ရွက်ရန်နှင့် ဘုရားဖူးလာသူများ အဆင်ပြေစွာတည်းခိုနေထိုင်နိုင်ရေး စီမံဆောင်ရွက်ရန်တို့ကို မှာကြားခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံတော်ယာယီသမ္မတက စေတီတော်ကြီးအတွက် ဘက်စုံအလှူတော်ငွေများ ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့ဝင်များမှ လက်ခံရယူခဲ့ကြပြီး ဓမ္မလက်ဆောင်ပြန်လည်ပေးအပ်ခဲ့ကြပါတယ်။ (NVS 004)

10 Jan

ADVERTISE HERE .