“မြန်မာဘောလုံးအကယ်ဒမီများပြိုင်ပွဲ ဆီမီးဖိုင်နယ်အဆင့်ပွဲစဉ်များကို ဇန်နဝါရီလ ၉ ရက်၌ စတင်ယှဉ်ပြိုင်”
09 Jan
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)နဲ့ အား/ကာသိပ္ပံတို့ပူးပေါင်းပြီး ၂၀၂၆ မြန်မာဘောလုံးအကယ်ဒမီများ ပြိုင်ပွဲကို ရန်ကုန်မြို့မှာကျင်းပခဲ့ရာ ဆီမီးဖိုင်နယ်အဆင့်ပွဲစဉ်တွေကို ဇန်နဝါရီလ ၉ ရက်(ယနေ့)နံနက်ပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့ပါတယ်။ ပြိုင်ပွဲတွင် အမျိုးသားဘောလုံးအကယ်ဒမီ ယူ-၁၄၊ အမျိုးသားဘောလုံးအကယ်ဒမီ ယူ-၁၅၊ မြန်မာဘောလုံး အကယ်ဒမီ ယူ-၁၄၊ မြန်မာဘောလုံးအကယ်ဒမီ ယူ-၁၅၊ ISPE(ရန်ကုန်)၊ ISPE(မန္တလေး)၊ ISPE(မော်လမြိုင်)နဲ့ တပ်မတော်အကယ်ဒမီအသင်းတို့ဖြင့် အသင်း ၈ သင်း ပါဝင်ယှဥ်ပြိုင်ခဲ့ကြပါတယ်။ ပြိုင်ပွဲဝင်အသင်း ၈ သင်းကို ၄ သင်း ၂ အုပ်စုခွဲပြီး ပထမအဆင့်အနေနဲ့ ယှဥ်ပြိုင်ကစားစေခဲ့ရာ ဇန်နဝါရီလ ၇ ရက် အုပ်စုပွဲများအပြီး အုပ်စု(A)မှာ အမျိုးသားဘောလုံးအကယ်ဒမီ ယူ-၁၅ အသင်းက ပထမ၊ ISPE(မော်လမြိုင်) အသင်းက ဒုတိယ၊ အုပ်စု(B)မှာ တပ်မတော်အကယ်ဒမီအသင်းက ပထမ၊ မြန်မာဘောလုံးအကယ်ဒမီ ယူ-၁၅ အသင်း က ဒုတိယ ရပ်တည်နိုင်ခဲ့ပါတယ်။ ဆီမီးဖိုင်နယ်ပွဲများအဖြစ် MFF မြက်ခင်းတုကွင်း(၁)မှာ အမျိုးသားဘောလုံးအကယ်ဒမီ ယူ-၁၅ အသင်းနဲ့ မြန်မာဘောလုံးအကယ်ဒမီ ယူ-၁၅ အသင်း၊ MFF မြက်ခင်းတုကွင်း(၂)မှာ တပ်မတော်အကယ်ဒမီအသင်းနဲ့ ISPE (မော်လမြိုင်)အသင်းတို့ ယှဥ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။ (NVS 008)