“ရှမ်းပြည်နယ်တောင်ပိုင်းမှာ ရွေးကောက်ပွဲ အဆင်ပြေစွာမဲပေးနိုင်ရေး အိမ်တိုင်ရာ‌ရောက်ဆောက်ရွက်ပေးနေ”

09 Jan

ရှမ်းပြည်နယ်တောင်ပိုင်း ကွန်ဟိန်းမြို့မှာ လာမည့်ရွေးကောက်ပွဲ အပိုင်း(၂)တွင် မဲဆန္ဒရှင်ပြည်သူများ အဆင်ပြေချောမွေ့စွာမဲပေးနိုင်ရေးအတွက် မဲစာရင်းအမှတ်များကို အိမ်တိုင်ရာရောက်လိုက်လံဖြန့်ဝေခြင်းများကို ရပ်ကွက်၊ ကျေးရွာအုပ်စုများအလိုက် လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းနိုင် နှင့်အဖွဲ့ဝင်များ ဦးဆောင်မှုနဲ့ သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများက တစ်အိမ်တက်ဆင်း ဖြန့်ဝေပေးခြင်းဖြစ်ကြောင်း သိရပါတယ်။ မဲဆန္ဒရှင် ပြည်သူများအနေနဲ့ မဲစာရင်းအမှတ်များ သိရှိထားပါက ရွေးကောက်ပွဲကျင်းပမည်နေ့မှာ အချိန်ကြန့်ကြာမှုမရှိဘဲ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း နှင့် မဲပေးနိုင်ရေး နှိုးဆော်မှုများလည်း ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။ ၂၀၂၅ အထွေထွေရွေးကောက်ပွဲကို အပိုင်း(၃)ပိုင်းဖြင့် ကျင်းပနေခြင်းဖြစ်ပြီး အပိုင်း(၁)ကို ၂၀၂၅ ဒီဇင်ဘာလ ၂၈ ရက်ကကျင်းပခဲ့ပြီးဖြစ်ပြီး အပိုင်း(၂)ကို လာမည့် ၂၀၂၆ ဇန်နဝါရီလ ၁၁ ရက်နှင့် အပိုင်း(၃) ကို ဇန်နဝါရီလ ၂၅ ရက် တွင် ကျင်းပမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)

09 Jan

ADVERTISE HERE .