“ပန်းတောင်းမြို့နယ်မှာ တန်ဖိုးမြင့်ပေါ်ဆန်းမွှေးစပါး စိုက်ပျိုးထုတ်လုပ်ခြင်းကို ပိုမိုတိုးတက်အောင် ဆောင်ရွက် ကြရန် ယာယီသမ္မတ တိုက်တွန်းပြောကြား”
09 Jan
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့ရှိ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိ သူများနှင့် ရပ်မိရပ်ဖများကို ဇန်နဝါရီလ ၈ ရက် နံနက်ပိုင်းနံနက်ပိုင်းမှာ သွားရောက်တွေ့ဆုံခဲ့စဉ် ပန်းတောင်း မြို့နယ်မှာ တန်ဖိုးမြင့်ပေါ်ဆန်းမွှေးစပါး စိုက်ပျိုးထုတ်လုပ်ခြင်းကို ပိုမိုတိုးတက်အောင် ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့ပါတယ်။ နိုင်ငံတော်ယာယီသမ္မတက အမှာစကားပြောကြားရာမှာ ပန်းတောင်းမြို့ဟာ သမိုင်းကြောင်းအစဉ်အလာရှိတဲ့ နေရာတစ်ခုဖြစ်ပြီး ပထဝီနိုင်ငံရေးအရ ထူးခြားတဲ့ဒေသတစ်ခုဖြစ်ကြောင်း၊ ဒေသတွင်းစိုက်ပျိုးရေးနှင့်ပတ်သက်၍ ဆန်ဖူလုံမှုက ၂၀၀ ရာခိုင်နှုန်းကျော်၊ ပဲဖူလုံမှုက ၃၀၀ ရာခိုင်နှုန်းကျော်ရှိတယ်လို့ သိရှိရကြောင်း၊ အရည်အသွေး ပြည့်မီသည့် ဆန်များထုတ်လုပ်နိုင်ရေးအတွက် ပေါ်ဆန်းမွှေးစပါးကို စိုက်ပျိုးထုတ်လုပ်နိုင်ရန်လိုအပ်ကြောင်း၊ အထွက်နှုန်းကောင်းမွန်စေရေးအတွက် သွင်းအားစုများကို စနစ်တကျထည့်သွင်းစိုက်ပျိုးခြင်းဖြင့် ပန်းတောင်းဒေသ အတွင်း ပေါ်ဆန်းမွှေးစပါးကို အထွက်နှုန်းကောင်းမွန်စွာနဲ့ စိုက်ပျိုးထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ ဒါကြောင့် စီးပွားရေးအရ တွက်ခြေကိုက်နိုင်တဲ့ တန်ဖိုးမြင့် ပေါ်ဆန်းမွှေးစပါး စိုက်ပျိုးထုတ်လုပ်ခြင်းကို ပိုမိုတိုးတက်အောင် ဆောင်ရွက်သွားကြစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့ပါတယ်။ တွေ့ဆုံပွဲအခမ်းအနားသို့ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ပန်းတောင်းမြို့ရှိ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိ သူများ၊ ရပ်မိရပ်ဖများ၊ MSME လုပ်ငန်းရှင်များနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများ တက်ရောက်ခဲ့ကြပါတယ်။ (NVS 004)