“YUFL မှ အင်္ဂလိပ်ဘာသာစကား Online နှင့် On Campus သင်တန်းများဖွင့်လှစ်မည်”

09 Jan

တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများတတ်ရောက်နိုင်မည့် အင်္ဂလိပ်ဘာသာစကား Online နှင့် On Campus (ကျောင်းတွင်း) သင်တန်းကို YUFL မှ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ Diploma in English Communication Skill သင်တန်းကို အွန်လိုင်းမှဖြစ်စေ၊ ကျောင်းမှာ လူကိုယ်တိုင် ဖြစ်စေ တက်ရောက်နိုင်မည်ဖြစ်ပြီး သင်တန်းကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်မှာ ဖွင့်လှစ်မည်ဖြစ်ပါတယ်။ Basic I (Online) သင်တန်းလျှောက်ထားသူများက အနိမ့်ဆုံးပညာအရည်အချင်း တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ထားရမည်ဖြစ်ပြီး ဇန်နဝါရီလ ၈ ရက်၊ နေ့လည် ၁၂ နာရီတိတိတွင် Online Registration ပြုလုပ်ရမည်ဖြစ်ပါတယ်။ လူဦးရေ ၄၀၀ ပြည့်သည်နှင့် Registration Form ကို စာရင်းပိတ်မည်ဖြစ်ပြီး Registration အောင်မြင်သူ များကို ဇန်နဝါရီလ ၉ ရက် ည ၈ နာရီမှာ YUFL Facebook Page တွင် ကြေညာပေးမှာဖြစ်ပါတယ်။ Registration အောင်မြင်သူများသည် YUFL KBZ Quick Pay ဖြင့် စာမေးပွဲကြေး ၃,၀၀၀ ကျပ်ကို ဇန်နဝါရီလ ၁၁ ရက်မတိုင်မီ ပေးသွင်းရမည်ဖြစ်ပါတယ်။ ဒါ့အပြင် ဇန်နဝါရီလ ၁၁ ရက် Page မှာကြေညာထားမည့် Exam Form ၌ငွေသွင်းချလန်အား Screenshot ရိုက်၍ အချက်အလက် ပြည့်စုံစွာ ဖြည့်စွက်မှသာ စာမေးပွဲဖြေဆိုရမည့် Link ကို အီးမေးလ်မှတစ်ဆင့်ရရှိမည် ဖြစ်ကြောင်း၊ ဇန်နဝါရီလ ၁၃ ရက် နံနက် ၁၀ နာရီတွင် ဝင်ခွင့်စာမေးပွဲ ဖြေဆိုရမှာ ဖြစ်ပါတယ်။ ဝင်ခွင့်စာမေးပွဲအောင်စာရင်းကို ဇန်နဝါရီလ ၁၅ ရက်မှာ ကြေညာပေးမည်ဖြစ်ပြီး အမှတ်အများဆုံးရရှိသူ ၂၀၀ ဦးသာ သင်တန်းတက်ရောက်ခွင့်ရရှိမည်ဖြစ်ပြီး သင်တန်းတက်ရောက်ခွင့်မရရှိသူများကို စာမေးပွဲကြေး ၃,၀၀၀ ကျပ် ပြန်လည်ထုတ်ပေးမည် မဟုတ်ကြောင်း သိရပါတယ်။ (NVS 004)

09 Jan

ADVERTISE HERE .