“ဒေါပုံဈေးအတွင်း ရွေးကောက်ပွဲဆိုင်ရာအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ”
09 Jan
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်မှာ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း ဦးဆောင်၍ ရွေးကောက်ပွဲဆိုင်ရာအသိပညာပေး “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်များကို ဇန်နဝါရီလ ၈ ရက်နံနက် ပိုင်းက ဒေါပုံဈေးအတွင်း ဖြန့်ဝေဆောင်ရွက်ခဲ့ပါတယ်။ အဆိုပါ “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်များကို ဒေါပုံမြို့နယ်မှာ ဆန္ဒမဲပေးရမည့် နေ့ရက်၊ ပြည်သူများ မဲပေးနိုင်ရေးအတွက် နှိုးဆော်တဲ့ဆောင်ပုဒ်များပါဝင်ပြီး ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအပိုင်း(၂)မှာ နိုင်ငံသားတိုင်းပါဝင်မဲပေးနိုင်ရေးအတွက် အသိပညာပေးအကြောင်းအရာများ ပါဝင်ပါတယ်။ အခုလိုလက်ကမ်းစာစောင်များဖြန့်ဝေရာမှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်နှင့်မြို့နယ်အဆင့် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များက ဒေါပုံဈေးသို့ လာရောက်ကြတဲ့ ဈေးဝယ်သူများနှင့် ဈေးရောင်းချသူ ပြည်သူများကို လက်ကမ်းစောင်ရေ ၂,၀၀၀ ကို ဖြန့်ဝေဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။ (NVS 004)