“မူးယစ်ဆေးစွဲသူ ၃၈၀ ကျော်ကို မူးယစ်ဆေးဖြတ်ကာ စောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ခဲ့”
09 Jan
မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(ဗဟို)အနေနဲ့ ၂၀၂၅-ခုနှစ်အတွင်း မူးယစ်ဆေးဖြတ်ပြီးသူ ဦးရေ ၃၈၀ ကျော်ကို စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရပါတယ်။ အသင်းအနေနဲ့ မူးယစ်ဆေးစွဲလူနာများကို ရှာဖွေဖော်ထုတ်ခြင်း၊ ဆိုရှယ်မီဒီယာမှ ဆက်သွယ်လာတဲ့ မူးယစ် ဆေးစွဲလူနာများကို ဆေးရုံသို့ လွှဲပြောင်းညွှန်းပို့၍ ဆေးဖြတ်ပေးခြင်း၊ ဆေးရုံမှပြန်ဆင်းလာတဲ့အခါ ပြန်လည် ထူထောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ပြန်လည်ထူထောင်မှုခံယူပြီးသူများကို နောက်ဆက်တွဲ စောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်းတို့ကို ၂၄ နာရီ ဝန်ဆောင်မှုပေးလျက်ရှိခဲ့ခြင်း ဖြစ်ပါတယ်။ ဇန်နဝါရီလ ၈ ရက်က မူးယစ်ဆေးဖြတ်သင်တန်းဆင်း သင်တန်းသားများ၏ မိဘအုပ်ထိန်းသူများနှင့် တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားပြုလုပ်ခဲ့ကာ သက်ဆိုင်ရာတာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များကို အသီးသီးပေးအပ်ခဲ့ကြတယ်လို့ သိရပါတယ်။ (NVS 004)