“အာမိုရင်မ် ရဲ့ ထုတ်ပယ်မှုအတွက် ပေါင် ၁၂ သန်းခန့် ပေးလျော်ရဖွယ်ရှိ”

08 Jan

မန်ယူအသင်းဟာ နည်းပြ ရူဘင်အာမိုရင်မ် ကို ရာထူးကနေ ထုတ်ပယ်ခဲ့မှုအတွက် လျော်ကြေး ပေါင် ၁၂ သန်းခန့် ပေးလျော်ရဖွယ်ရှိနေနိုင်ပါတယ်။ မန်ယူအသင်းအနေနဲ့ အာမိုရင်မ် ကို ခေါ်ယူခဲ့ချိန်တုန်းက စပို့တင်းလစ္စဘွန်းအသင်းထံ စာချုပ်လျော်ကြေး ပေါင် ၁၁ သန်း ပေးချေခဲ့ရပါတယ်။ အာမိုရင်မ် ဟာ မန်ယူအသင်းမှာ တစ်ပတ် ပေါင် ၁၂၅၀၀၀ နဲ့ တစ်နှစ် ပေါင် ၆ ဒသမ ၅ သန်း ရရှိပါတယ်။ ဒါကြောင့် လက်ကျန်စာချုပ်သက်တမ်းက ၁၈ လ ရှိနေလို့ အပြည့်အဝပေးချေရရင် ပေါင် ၁၀ သန်းဝန်းကျင်လောက် ကုန်ကျနိုင်ပြီး သူ့ရဲ့နည်းပြအဖွဲ့ဝင်တွေ အပါအဝင်ဆိုရင်တော့ ပေါင် ၁၂ သန်းဝန်းကျင် ရှိသွားနိုင်တယ်လို့ သိရပါတယ်။ မန်ယူအသင်းဟာ တန်ဟက်ဂ် ကို ရာထူးကနေ ထုတ်ပယ်ချိန်ကလည်း လျော်ကြေး ပေါင် ၁၀ ဒသမ ၄ သန်း ပေးချေခဲ့ရပါတယ်။(NVS 008)

08 Jan

ADVERTISE HERE .