“တန်ဟက်ဂ် ကို နည်းစနစ်ဒါရိုက်တာအဖြစ် ခန့်အပ်ခဲ့တဲ့ FC တွမ်တီးအသင်း”
08 Jan
မန်ယူအသင်းရဲ့ နည်းပြဟောင်း အဲရစ်တန်ဟက်ဂ် အနေနဲ့ FC တွမ်တီးအသင်းရဲ့ နည်းစနစ်ဒါရိုက်တာအဖြစ် ခန့်အပ်ခံခဲ့ရကြောင်း သိရပါတယ်။ အသက် ၅၅ နှစ်အရွယ် တန်ဟက်ဂ် ဟာ FC တွမ်တီးအသင်းရဲ့ ကစားသမားဟောင်းတစ်ဦးဖြစ်ပြီး အသင်းမှာ အကယ်ဒမီနည်းပြ၊ လက်ထောက်နည်းပြတာဝန်တွေရယူပြီး နည်းပြဘဝကို အစပြုခဲ့သူလည်း ဖြစ်ပါတယ်။ တန်ဟက်ဂ် ဟာ အေဂျက်စ်နဲ့ မန်ယူအသင်းတွေမှာ ဆုဖလားအောင်ပွဲတွေ ရယူနိုင်ခဲ့ပေမယ့် လေဗာကူဆင်အသင်းမှာ ၃ ပွဲသာ ကိုင်တွယ်ခွင့်ရခဲ့ပြီး ပြီးခဲ့တဲ့စက်တင်ဘာလမှာ ရာထူးက ထုတ်ပယ်ခံခဲ့ရတာကြောင့် လက်ရှိအချိန်မှာ အသင်းလက်မဲ့ဖြစ်နေပါတယ်။ FC တွမ်တီးအသင်းက တန်ဟက်ဂ် ကို နည်းစနစ်ဒါရိုက်တာအဖြစ် ၂၀၂၈ နွေရာသီ အထိ ခန့်အပ်လိုက်တာဖြစ်ပေမယ့် ဖေဖော်ဝါရီလ ၁ ရက်မှသာ အသင်းနဲ့စတင်လက်တွဲရမှာ ဖြစ်ပါတယ်။ (NVS 008)
08 Jan