“၂၀၂၅ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်အဆင့်ကို ဇန်နဝါရီလ ၉ ရက်မှာ စတင်ယှဉ်ပြိုင်မည်”
08 Jan
မော်ရိုကိုနိုင်ငံမှာ ကျင်းပနေတဲ့ ၂၀၂၅ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်အဆင့်ကို ဇန်နဝါရီလ ၉ ရက်မှာ စတင်ယှဉ်ပြိုင်ရမယ်လို့ သိရပါတယ်။ ကွာတားဖိုင်နယ်အဆင့်ကို အိမ်ရှင် မော်ရိုကိုအသင်းနဲ့အတူ မာလီ၊ ဆီနီဂေါ၊ ကင်မရွန်း၊ အယ်လ်ဂျီးရီးယား၊ နိုင်ဂျီးရီးယား၊ အီဂျစ်၊ အိုင်ဗရီကို့စ်တို့ တက်ရောက်ခဲ့တာဖြစ်ပြီး ဇန်နဝါရီလ ၉ ရက်မှာ မာလီ-ဆီနီဂေါ၊ ကင်မရွန်း- မော်ရိုကို၊ ဇန်နဝါရီလ ၁၀ ရက်မှာ အယ်လ်ဂျီးရီးယား-နိုင်ဂျီးရီးယား၊ အီဂျစ်-အိုင်ဗရီကို့စ်ပွဲတွေ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ ဆီမီးဖိုင်နယ်အဆင့်ပွဲစဉ်တွေကို ဇန်နဝါရီလ ၁၄ ရက်၊ တတိယလုပွဲကို ဇန်နဝါရီလ ၁၇ ရက်နဲ့ ဗိုလ်လုပွဲကို ဇန်နဝါရီလ ၁၈ ရက်မှာ ဆက်လက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ (NVS 008)
08 Jan