“နေမာ ကို တစ်နှစ်သက်တမ်းတိုးခဲ့တဲ့ ဆန်းတို့စ်အသင်း”
08 Jan
ဆန်းတို့စ်အသင်းဟာ တိုက်စစ်မှူး နေမာ ကို ၂၀၂၆ ဒီဇင်ဘာ ၃၁ အထိ တစ်နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုကြောင်း အတည်ပြုကြေညာခဲ့ပါတယ်။ နေမာ ဟာ အစောပိုင်းတုန်းက ကမ္ဘာ့ဖလားအခွင့်အရေးအတွက် ဥရောပကို ပြန်လည်ပြောင်းရွှေ့ကစားဖို့ ဆန္ဒရှိနေကြောင်း သတင်းထွက်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ ဆန်းတို့စ်အသင်းမှာသာ ဆက်ကစားဖို့ ဆုံးဖြတ် လိုက်တာဖြစ်ပါတယ်။ ဆန်းတို့စ်အသင်းက နေမာ ရဲ့ ကစားသမားဘဝအစပြုတဲ့ အသင်းဖြစ်ပြီး ၂၀၂၅ ဇန်နဝါရီမှသာ အသင်းကို တစ်ကျော့ပြန်လည်ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ လာမယ့်ဖေဖော်ဝါရီလမှာ အသက် ၃၄ နှစ်ပြည့်မယ့် နေမာ ဟာ ပြီးခဲ့တဲ့ရာသီက ဒူးဒဏ်ရာရှိခဲ့ပေမယ့် ခွဲစိတ်ကုသမှုပြုလုပ်ဖို့ကို ရွှေ့ဆိုင်းကာ ဆန်းတို့စ်အသင်းကို တန်းမဆင်းရအောင် ပါဝင်ကစားပေးခဲ့သူ ဖြစ်ပါတယ်။ (NVS 008)
08 Jan