“ပြည်ရေနံမြေမှာ သဘာဝဓာတ်ငွေ့ အထွက်တိုးရေးဆောင်ရွက်”

08 Jan

ဆယ်နှစ်ကျော်ကြာ ထုတ်လုပ်မှုရပ်ဆိုင်းလုနီးပါးဖြစ်ခဲ့တဲ့ ပြည်ရေနံမြေမှာ သုတေသနပြုလုပ်၍ သဘာဝဓာတ်ငွေ့အထွက်တိုးရေး ပြန်လည်ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ အခုလိုဆောင်ရွက်နေမှုကို စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် က သွားရောက်ကြည့်ရှု ခဲ့ပါတယ်။ ပြည်၊ မြန်အောင်နှင့် ရွှေပြည်သာရေနံမြေများက ပြည်အနည်ကျ ချိုင့်ဝှမ်းအတွင်း တည်ရှိပြီး ပြည်ရေနံမြေ ဒေသက အစဉ်အလာကောင်းခဲ့တဲ့ ရေနံမြေတစ်ခုဖြစ်ပြီး ရေနံနှင့်သဘာဝဓာတ်ငွေ့ နှစ်မျိုးလုံးထွက်ရှိသော တန်ဖိုးရှိတဲ့ ရေနံမြေတစ်ခု ဖြစ်ပါတယ်။ လက်ရှိမှာ ပြည်ရေနံမြေရှိ တွင်းအမှတ် (၄၈) ၏ သဲကြောများကို သုတေသနပြုဆန်းစစ်ပြီး ဖောက်ယူရာမှ သဘာဝဓာတ်ငွေ့များ ပြန်လည်ထွက်ရှိလာမှု အခြေအနေများနှင့် ရေနံနှင့်သဘာဝဓာတ်ငွေ့များ ပိုမိုတိုးတက် ထုတ်လုပ်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ (NVS 004)

08 Jan

ADVERTISE HERE .