“ဈေးကွက်အတွင်း စောင့်ကြည့်ရန် စစ်ဆေးရေးအရာရှိ ၅၆၀ ကျော်ခန့်အပ်ထား”

08 Jan

ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် စားသုံးသူကာကွယ်ရေး ဥပဒေနှင့်အညီ စစ်ဆေးရေးအရာရှိ ၅၆၆ ဦးကို ခန့်အပ်ထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရပါတယ်။ စီးပွားရေးလုပ်ငန်းရှင်များက တင်ပြလာတဲ့ ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသော ကုန်စည်များ၌ မြန်မာဘာသာ နဲ့ ကုန်အညွှန်းအမှတ်အသားဖော်ပြရာမှာ ညွှန်ကြားချက်နှင့် ကိုက်ညီမှုရှိမရှိ၊ စားသုံးသူရေးရာဦးစီးဌာနက စိစစ်ဆောင်ရွက်နေခြင်းလည်း ဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလထိ စားသုံးသူတိုင်ကြားမှု စုစုပေါင်း ၂၈၅ မှုအနက် ရန်ကုန်နှင့် မန္တလေးတွင် အများဆုံးဖြစ်ပြီး တိုင်ကြားမှုအများဆုံးမှာ ဆက်သွယ်ရေးဝန်ဆောင်မှုနှင့် အီလက်ထရောနစ်ကူးသန်း ရောင်းဝယ်ရေးဝန်ဆောင်မှုများဖြစ်တယ်လို့ သိရပါတယ်။ ဈေးကွက်အတွင်းစောင့်ကြည့်စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် စစ်ဆေးရေးအရာရှိ ၅၆၆ ဦးကို ခန့်အပ်ထားပြီး မျှတတဲ့ဈေးကွက်တစ်ခု ပုံဖော်နိုင်မည်ဖြစ်တဲ့အပြင် စားသုံးသူအခွင့်အရေးဆိုင်ရာ လှုပ်ရှားဆောင်ရွက် မှုများကို ပြည်သူအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေ က မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ လုပ်ငန်းညှိနှိုင်းအစည်းဝေးမှာ ပြောကြားခဲ့ပါတယ်။ (NVS 004)

08 Jan

ADVERTISE HERE .