“တောင်သူများကို တစ်ဧကလျှင် ကျပ်နှစ်သိန်းခွဲနှုန်းနဲ့ တစ်ရာသီအတိုးမဲ့ထုတ်ချေးမည်”

08 Jan

နိုင်ငံတော်မှ Rice Export Zone လုပ်ငန်းစဉ်အတွက် နိုင်ငံစီးပွားဖွံ့ဖြိုးရေးရန်ပုံငွေမှ တစ်ဧကလျှင် ကျပ်နှစ်သိန်းခွဲ ၂ ဒသမ ၅ သိန်းနှုန်းနဲ့ တောင်သူလယ်သမားသို့ သီးနှံတစ်ရာသီ အတိုးမဲ့ထုတ်ချေးပေးမည် ဖြစ်ကြောင်း သိရပါတယ်။ ပို့ကုန် ၂ ဆတိုးမြှင့်နိုင်ရေး ရည်မှန်းချက်အောင်မြင်ရန်အတွက် Rice Export Zone များကို ပို့ကုန်လုပ်ငန်းရှင် များက ဌာနဆိုင်ရာများ၊ တောင်သူလယ်သမားများနှင့် ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်သွားရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် က Rice Export Zoneများ ဖော်ဆောင်ရေးနှင့် ဆန်စပါးမျိုးစေ့ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရ-ပုဂ္ဂလိက လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြောကြားခဲ့ပါတယ်။ နိုင်ငံတော်မှ Rice Export Zone လုပ်ငန်းစဉ်အတွက် နိုင်ငံစီးပွားဖွံ့ဖြိုးရေး ရန်ပုံငွေမှ တစ်ဧကလျှင် ကျပ် ၂ ဒသမ ၅ သိန်းနှုန်းနဲ့ တောင်သူလယ်သမားသို့ သီးနှံတစ်ရာသီ အတိုးမဲ့ထုတ်ချေးပေးမည်ဖြစ်ပြီး၊ ပို့ကုန်လုပ်ငန်းရှင် များမှလည်း တစ်ဧကလျှင် ကျပ် ၂ သိန်းနှုန်း ထုတ်ချေးပေးမှာဖြစ်ပါတယ်။ အဆိုပါချေးငွေကို သီးနှံပေါ်ချိန်တွင် ကာလပေါက်ဈေး သတ်မှတ်၍ သီးနှံများကို ပြန်လည်ရောင်းချပေးဆပ်ရမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)

08 Jan

ADVERTISE HERE .