“လာမယ့်ဖေဖော်ဝါရီလ ၇ ရက်မှာ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ ကျင်းပမည်”
08 Jan
၂၀၂၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲကို လာမည့် ဖေဖော်ဝါရီလ ၇ ရက်မှာ နေပြည်တော်ရှိ MICC-1 ၌ကျင်းပမည်ဖြစ်ရာ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အခမ်းအနားကျင်းပရေးဦးစီးကော်မတီ၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီလ ၇ ရက်မွန်းလွဲပိုင်းကပြုလုပ်ခဲ့ပါတယ်။ အဆိုပါ အခမ်းအနားမှာ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းက မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲနှင့် ပတ်သတ်၍ အထက်အပါအတိုင်းပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။ ဆက်လက်ပြီ ပြည်ထောင်စုဝန်ကြီးက အကယ်ဒမီဆုများအတွက် ၂၀၂၅ ခုနှစ်အတွင်း ရုံတင်ဇာတ်ကားများ ထဲမှ ရွေးချယ်ထားသော ဆန်ခါတင်ဇာတ်ကားများကို ဆုရွေးချယ်ရေးဆပ်ကော်မတီက အသေးစိတ်ကြည့်ရှုစစ်ဆေး နေပြီး အခမ်းအနားပြင်ဆင်ရေးကိုလည်း Forever Group Company Limited နှင့်ပေါင်းစပ်၍ ယခင်နှစ်များထက် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်သွားမည်ဖြစ်ရာ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲကို ခမ်းခမ်းနားနားကျင်းပနိုင်ရန် သက်ဆိုင်ရာကဏ္ဍအလိုက် အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့ပါတယ်။ (NVS 004)