“ပို့ကုန်ရငွေပမာဏ၏ ၁၅ ရာခိုင်နှုန်းကိုသာ မြန်မာကျပ်ငွေဖြင့် လဲလှယ်ရန် ပြင်ဆင်သတ်မှတ်”

08 Jan

ပို့ကုန်ရငွေပမာဏ၏ ၂၅ ရာခိုင်နှုန်းအစား ၁၅ ရာခိုင်နှုန်းကိုသာ မြန်မာကျပ်ငွေဖြင့်လဲလှယ်ရန် ပြင်ဆင် သတ်မှတ်လိုက်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေအရအပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်အရ အမိန့်ကြော်ငြာစာအမှတ်(၂/၂၀၂၆)နဲ့ အသိပေးထုတ်ပြန်ခဲ့ပါတယ်။ ဗဟိုဘဏ်အနေနဲ့ ပြီးခဲ့တဲ့ ၂ဝ၂၃ ခုနှစ် ဇူလိုင်လအတွင်း ပို့ကုန်ရငွေပမာဏ၏ ၅ဝ ရာခိုင်နှုန်းကိုသာ မြန်မာနိုင်ငံတော်ဗဟိုဘဏ် သတ်မှတ်ဈေးနှုန်းနဲ့ ကျပ်ငွေလဲလှယ်ရန် အမိန့်ကြော်ငြာစာထုတ်ပြန်ခဲ့ပြီး ဒီဇင်ဘာလ မှာ ပို့ကုန်တင်ပို့သူများအနေနဲ့ ပို့ကုန်တင်ပို့ခြင်းမှရရှိသည့် ပို့ကုန်ရငွေပမာဏ၏ ၂၅ ရာခိုင်နှုန်းသာ ဗဟိုဘဏ် သတ်မှတ်ဈေးနှုန်း မြန်မာကျပ်ငွေနဲ့ လဲလှယ်ရန် အမိန့်ကြေညာစာထပ်မံထုတ်ပြန်ကာ ဖြေလျှော့ပေးခဲ့ပါတယ်။ လက်ရှိမှာ ပို့ကုန်တင်ပို့သူများအနေနဲ့ ပို့ကုန်ရငွေပမာဏ၏ ၂၅ ရာခိုင်နှုန်းအစား ၁၅ ရာခိုင်နှုန်းကိုသာ ကျပ်ငွေနဲ့ လဲလှယ်ရမည်ဟု ဗဟိုဘဏ်က အမိန့်ထုတ်ပြန်ကာ ထပ်မံဖြေလျှော့ပေးလိုက်ခြင်းဖြစ်ပါတယ်။ အဆိုပါ အမိန့်ကြေညာစာသည် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှစ၍ အကျိုးသက်ရောက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က အသိပေးထားပါတယ်။ (NVS 004)

08 Jan

ADVERTISE HERE .