“ခြေဖဝါးဒဏ်ရာရကြောင့် ယူနိုက်တက်ဖလားပြိုင်ပွဲကို လွဲချော်ခဲ့ရတဲ့ ဗြိတိန်တင်းနစ်မယ် ရာဒူကာနူ”
07 Jan
ဗြိတိန်တင်းနစ်မယ် ရာဒူကာနူ ဟာ ခြေဖဝါးဒဏ်ရာကြောင့် ယူနိုက်တက်ဖလားပြိုင်ပွဲရဲ့ ဇန်နဝါရီလအတွင်း ယှဉ်ပြိုင်ရမယ့်ပွဲကို လွဲချော်ခဲ့ပါတယ်။ ယူနိုက်တက်ဖလားပြိုင်ပွဲဝင် ဗြိတိန်အသင်းမှာ ပါဝင်လာခဲ့တဲ့ ရာဒူကာနူ ဟာ ဂျပန်အသင်းက တင်းနစ်မယ် အိုဆာကာ နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ရာဒူကာနူ ဟာ ၂၀၂၁ ခုနှစ်မှာ ယူအက်စ်အိုးပင်း ချန်ပီယံဆုကို ရယူနိုင်ပြီးနောက် အနာဂတ်မှာ တောက်ပလာမယ့် လူငယ်မျိုးဆက်သစ် တင်းနစ်မယ်အဖြစ် မျှော်လင့်ထားခဲ့ကြပါတယ်။ ဒါပေမယ့် ရာဒူကာနူ ဟာ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရပြီး ကြံ့ခိုင်မှုလည်း မပြည့်ဝတာကြောင့် ရလဒ်ကောင်းတွေနဲ့ ဝေးခဲ့ရသလို လက်ရှိမှာလည်း ကမ္ဘာ့အဆင့် (၂၉) နေရာအထိ ကျဆင်းသွားခဲ့ရပါတယ်။ အသက် ၂၃ နှစ်အရွယ် ရာဒူကာနူ ဟာ အောက်တိုဘာလနောက်ပိုင်း ပထမဆုံးပြိုင်ပွဲဝင်ပြိုင်မှုအဖြစ် ယူနိုက်တက်ဖလားပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့ စီစဉ်ထားခဲ့တာဖြစ်ပေမယ့် ခြေဖဝါးဒဏ်ရာကြောင့် ပွဲကိုလွဲချော်ခဲ့တာ ဖြစ်တယ်လို့ ဗြိတိန်အသင်းခေါင်းဆောင် ဟမ်းမန်းက အတည်ပြုခဲ့ပါတယ်။ (NVS 008)