“နည်းပြ နန်စီ ကို ထုတ်ပယ်ပြီး မာတင်အိုနေးလ် နဲ့ အစားထိုးခန့်အပ်ခဲ့တဲ့ ဆဲလ်တစ်အသင်း”
07 Jan
စကော့တလန်ထိပ်သီးကလပ် ဆဲလ်တစ်အသင်းဟာ ရှစ်ပွဲသာ ကိုင်တွယ်ရသေးတဲ့ နည်းပြ ဝီလ်ဖရက်နန်စီကို ရာထူးက ထုတ်ပယ်ခဲ့ပြီး ဝါရင့်နည်းပြ မာတင်အိုနေးလ် နဲ့ အစားထိုးခန့်အပ်ခဲ့ပါတယ်။ ဒီဇင်ဘာလအစပိုင်းကမှ ဆဲလ်တစ်နည်းပြဖြစ်လာတဲ့ နန်စီ ဟာ အသင်းကို ၃၃ ရက်သာ ကိုင်တွယ်ခဲ့ရပြီး ၈ ပွဲမှာ ၂ ပွဲသာ အနိုင်ရရှိခဲ့ပါတယ်။ အိုနေးလ် အနေနဲ့ အောက်တိုဘာလကုန်ပိုင်းမှာ ဘရန်ဒန်ရော်ဂျာစ် နုတ်ထွက်သွားခဲ့လို့ ဆဲလ်တစ်အသင်းကို ယာယီတာဝန်ယူခဲ့ရပြီး သူ့လက်ထက် ရှစ်ပွဲမှာ ခုနစ်ပွဲအထိ အနိုင်ရရှိခဲ့ပါတယ်။ အိုနေးလ် ဟာ ဆဲလ်တစ်အသင်းကို ယခင်ကိုင်တွယ်ခဲ့တဲ့ ငါးနှစ်တာကာလအတွင်း ဆုဖလား ခုနစ်လုံး ရယူပေးခဲ့ပါတယ်။ အိုနေးလ် ရဲ့ လက်ထောက်တွေ အဖြစ် ရှောင်မာလိုနေ၊ မာ့ခ်ဖော်သာရင်ဂမ်၊ စတီဖင်မက်မာနပ်စ် တို့က ဆောင်ရွက်မှာဖြစ်ပါတယ်။ (NVS 008)
07 Jan