“ညိုသကျည်းရိုးကျိုးဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူရမယ့် ဂယ်ဗာဒီယောလ်”
07 Jan
မန်စီးတီးအသင်းနောက်ခံလူ ဂယ်ဗာဒီယောလ် ဟာ ချဲလ်ဆီးအသင်းနဲ့ တစ်ဂိုးစီသရေကျတဲ့ပွဲမှာ ညိုသကျည်း ရိုးကျိုးခဲ့ပြီး အခုဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူရမယ်လို့ သိရပါတယ်။ ဂယ်ဗာဒီယောလ် အနေနဲ့ အခုဒဏ်ရာကို အခုရက်သတ္တပတ်နှောင်းပိုင်းမှာ ခွဲစိတ်ကုသမှု ခံယူမှာဖြစ်ပါတယ်။ ဂယ်ဗာဒီယောလ် ဟာ ချဲလ်ဆီးနဲ့ပွဲစဉ်ရဲ့ ပွဲချိန် ၅၁ မိနစ်မှာ ညို့သကျည်းရိုးကျိုးခဲ့ရပြီး လူစားလဲခဲ့ရပါတယ်။ ဂယ်ဗာဒီယောလ် က Instagram ကနေ ထောက်ခံအားပေးမှုတွေအတွက် ကျေးဇူးတင်စကား ဆိုခဲ့ပါတယ်။ ချဲလ်ဆီးအသင်းနဲ့ပွဲစဉ်မှာ အသင်းဖော်နောက်ခံလူဖြစ်တဲ့ ရူဘင်ဒီယက်စ် လည်း ဒဏ်ရာရရှိခဲ့ပါတယ်။ မန်စီးတီးအသင်း ဟာ လိဂ်ချန်ပီယံရှစ်ကလပ် ဝက်ဖို့ဒ်အသင်းထံ အငှားချထားတဲ့ အကယ်ဒမီထွက် မက်အယ်လင်း ကို ပြန်လည်ခေါ်ယူခဲ့ပြီး လာမယ့် ဘရိုက်တန်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ရဲ့ အသင်းလူစာရင်းမှာ ပါဝင်လာဖို့ ရှိနေပါတယ်။ (NVS 008)
07 Jan