“လီယမ်ရိုဆီနီယာ ကို နည်းပြသစ်အဖြစ် အတည်ပြုခန့်အပ်ခဲ့တဲ့ ချဲလ်ဆီးအသင်း”
07 Jan
ချဲလ်ဆီးအသင်းဟာ အသင်းနည်းပြသစ်အဖြစ် လီယမ်ရိုဆီနီယာ ကို ခန့်အပ်ကြောင်းအတည်ပြု ကြေညာခဲ့ပါတယ်။ အင်္ဂလန်နိုင်ငံသားနည်းပြ ရိုဆီနီယာ ဟာ ချဲလ်ဆီးအသင်းနဲ့ ၂၀၃၂ ခုနှစ်အထိ သက်တမ်းရှိတဲ့ စာချုပ်တစ်ရပ် ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ ရိုဆီနီယာ က ချဲလ်ဆီးရဲ့ပိုင်ရှင်တူကလပ်ဖြစ်တဲ့ ပြင်သစ်ကလပ် စထရာဘိုးအသင်းကနေ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။ ရိုဆီနီယာ ဟာ စထရာဘိုးအသင်းကို ၂၀၂၄ ခုနှစ် ဇူလိုင်လက စတင်တာဝန်ယူခဲ့ပြီး ပထမဆုံးရာသီမှာပဲ ၁၉ နှစ်အတွင်း ဥရောပဝင်ခွင့်ပြန်လည်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ရိုဆီနီယာ အနေနဲ့ အင်္ဂလန်အောက်တန်း ကလပ်တွေဖြစ်တဲ့ ဟားလ်စီးတီး၊ ဒါဘီအသင်းတွေကိုလည်း ကိုင်တွယ်ခဲ့ဖူးပါတယ်။ (NVS 008)
07 Jan