“မန်ယူအသင်းနည်းပြသစ်ဖြစ်ဖို့ ရေပန်းအစားဆုံးဖြစ်လာတဲ့ ဂလက်စနာ”

07 Jan

မန်ယူအသင်းနည်းပြသစ်အဖြစ် ခရစ္စတယ်ပဲလေ့စ်အသင်းနည်းပြ ဂလက်စနာ က ရေပန်းအစားဆုံး ဖြစ်လာပါတယ်။ ဂလက်စနာ နောက်မှာ လက်ရှိယာယီနည်းပြ ဒါရင်းဖလက်ချာ၊ ချဲလ်ဆီးနည်းပြဟောင်း မာရက်စကာ တို့က ရေပန်းစားလျက်ရှိနေပါတယ်။ ဂလက်စနာ ဟာ အခုရာသီကုန်မှ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ သက်တမ်းကုန်ဆုံးမှာ ဖြစ်ပါတယ်။ ဒါကြောင့်မန်ယူအသင်းက ရာသီကုန်အထိ နည်းပြတစ်ဦးကို ခန့်အပ်ဖို့ ပြင်ဆင်နေပြီး နွေရာသီရောက်မှ ကာလကြာရှည်ကိုင်တွယ်မယ့် နည်းပြကို ခန့်အပ်မယ်လို့ သတင်းများထွက်ပေါ်နေပါတယ်။ လက်ရှိအချိန်မှာ ဖလက်ချာ ဟာ ယာယီနည်းပြအဖြစ် ဘန်လေနဲ့ ကစားမယ့် ပရီးမီးယားလိဂ်ပွဲအပြင် လာမယ့် တနင်္ဂနွေနေ့မှာ ကစားမယ့် ဘရိုက်တန်နဲ့ FA ဖလားပွဲကိုလည်း တာဝန်ယူကိုင်တွယ်သွားမှာ ဖြစ်ပါတယ်။ (NVS 008)

07 Jan

ADVERTISE HERE .