“ထိုင်းနိုင်ငံအတွင်းပြုလုပ်ပေးနေသည့် အလုပ်သမားဝန်ကြီးဌာန CI သက်သေခံလက်မှတ် ထုတ်ပေးခြင်း သတ်မှတ်ရက်ထက် ၁၆ ရက် ထပ်မံတိုးမြှင့်ပေး”

07 Jan

ထိုင်းနိုင်ငံအတွင်း စခန်းများဖွင့်လှစ်၍ ပြုလုပ်ပေးနေသည့် အလုပ်သမားဝန်ကြီးဌာန က Cl သက်သေခံ လက်မှတ်ထုတ်ပေးခြင်းကို သတ်မှတ် ရက်ထက် ၁၆ ရက် ထပ်တိုးပေးလိုက်ကြောင်း သိရပါတယ်။ လက်ရှိတွင် ထိုင်းနိုင်ငံအတွင်း မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် CI ထုတ်ပေးခြင်းကို စမုစခွန်၊ စမုပရာကန်၊ ချင်းမိုင်၊ ဆူရတ်ဌာနီ စတဲ့ မြို့များနှင့် Mobile Unit တစ်ခုဖြင့် ကရာဘီမြို့တို့တွင် ဖွင့်လှစ်၍ ဆောင်ရွက်ပေးလျက် ရှိပါတယ်။ အလုပ်သမားဝန်ကြီးဌာန က CI သက်တမ်းတိုးထုတ်ပေးခြင်းလုပ်ငန်းစဉ်များအား ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်တွင် ပြီးစီးမည်ဖြစ်ကြောင်းနှင့် သက်တမ်းတိုးရန်ကျန်ရှိသူများသည် ၎င်းရက်မတိုင်မီတွင် အပြီးအစီး သက်တမ်းတိုးဆောင်ရွက်ကြရန် အသိပေးထုတ်ပြန်ထားပါတယ်။ ယခုအခါမှာ သက်တမ်းတိုးပြုလုပ်ရန် 7-Eleven ဆိုင်များတွင် ငွေပေးသွင်းပြီးသူများ ကျန်ရှိနေသဖြင့် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာအလုပ်သမားများ၏ အလုပ်အကိုင်အခွင့်အလမ်းများ နစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် လုပ်ငန်းဆောင်ရွက်မှု ကာလကို နောက်ဆုံးအကြိမ်အဖြစ် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်အထိ ထပ်မံတိုးမြှင့်ပေးထားကြောင်း သိရပါတယ်။ ဒါကြောင့် CI သက်တမ်းတိုးပြုလုပ်ရန် ကျန်ရှိနေသေးသည့် ထိုင်းရောက်မြန်မာလုပ်သားများအနေနဲ့ ထပ်တိုး သတ်မှတ်ပေးထားတဲ့ကာလအမီ အမြန်ဆုံးသွားရောက်ဆောင်ရွက်ကြရန် အလုပ်သမားဝန်ကြီးဌာနက အသိပေးထား ပါတယ်။ (NVS 004)

07 Jan

ADVERTISE HERE .