“သာသနာရေး ဦးစီးဌာန၏ မဟာဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပမည်”

07 Jan

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီး ဌာနက ကျင်းပတဲ့ ၂၀၂၅ ခုနှစ်၊ အစိုးရဓမ္မာစရိယစာမေးပွဲတွင် အောင်မြင်ခဲ့သူများအတွက် မဟာဘွဲ့နှင်းသဘင် အခမ်းအနားကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ အစိုးရဓမ္မာစရိယစာမေးပွဲတွင် အောင်မြင်ခဲ့သူများမှာ အစိုးရဓမ္မာစရိယ သုံးကျမ်းအောင် ၁၁၄၇ ပါး၊ အစိုးရဓမ္မာစရိယအထူးအောင် လေးပါး၊ ပါဠိဂုဏ်ထူးအောင် တစ်ပါး၊ မြန်မာဂုဏ်ထူးအောင် ၁၃ ပါး၊ ပါဠိပထမပြန် အထူးအောင် ၁၆ ပါး၊ အဘိဓမ္မာနှင့်ဝိသုဒ္ဓိမဂ်အထူးအောင် ကိုးဦး တို့ကို ဘွဲ့တံဆိပ်တော်များနှင့် အောင်လက်မှတ်များ ဆက်ကပ်လှူဒါန်းချီးမြှင့်ခြင်း အခမ်းအနားကို တပို့တွဲလပြည့်ကျော် ၉ ရက်၊ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက် အင်္ဂါနေ့ မွန်းတည့် ၁၂ နာရီတွင် မန္တလေးမြို့ မဟာအတုလဝေယန်(အတုမရှိ) ကျောင်းတော်ကြီး၌ မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျင်းပသွားမှာဖြစ်ပါတယ်။ အဆိုပါ မဟာဘွဲ့နှင်းသဘင်အခမ်းအနားသို့ အချိန်မီကြွရောက်ရန် သက်ဆိုင်ရာ စာအောင်ပုဂ္ဂိုလ်များနှင့် ပင့်သံဃာတော်များကို ပင့်စာများ ပေးပို့ဆက်ကပ်ပင့်ဆောင်သွားမှာဖြစ်ပြီး ပင့်စာများကို အချိန်မီ မရရှိပါကလည်း ကြွရောက်တော်မူကြပါရန်နှင့် ဖေဖော်ဝါရီလ ၈ ရက်မှစ၍ ရုံးချိန်အတွင်း မန္တလေးမြို့ မဟာအတုလဝေယန်(အတုမရှိ) ကျောင်းတော်ကြီးသို့ ဆက်သွယ်သတင်းပေးပို့ကြပါရန် သာသနာရေးဦးစီးဌာနက ပင့်လျှောက်ထားကြောင်း သိရပါတယ်။ (NVS 004)

07 Jan

ADVERTISE HERE .