“ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးအား နှစ်သစ်ကူးရုံးပိတ်ရက်များတွင် ဘုရားဖူးပြည်သူ ၅၈,ဝဝဝ ကျော် လာရောက်ဖူးမြော်”

07 Jan

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲကို သီတင်းကျွတ်လပြည့်နေ့မှစ၍ ကျင်းပခဲ့ရာ အများပြည်သူအလုပ်ပိတ်ရက်များဖြစ်တဲ့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ပထမပတ် နှစ်သစ်ကူးပိတ်ရက်များနှင့် လွတ်လပ်ရေးနေ့တို့မှာ ပြည်တွင်း၊ ပြည်ပမှ ဘုရားဖူးပြည်သူ ၅၈,၀၀၀ ကျော် လာရောက်ဖူးမြာ်ခဲ့ကြောင်း စေတီတော်ဘဏ္ဍာထိန်းဂေါပကအဖွဲ့မှ သိရပါတယ်။ ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးသို့ ဘုရားဖူးလာရောက်ကြသည့်ပြည်သူများ အန္တရာယ်ကင်းဝေးစေရန်နှင့် စိတ်ချမ်းမြေ့စွာ ဘုရားဖူးမြော်နိုင်ရန်အတွက် စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့နှင့် တာဝန်ရှိသူများက လုံခြုံရေး၊ အခမဲ့တည်းခိုနေထိုင်ရေး၊ စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ကြပ်မတ်ဆောင်ရွက် ပေးလျက်ရှိပြီး တောင်တက်မော်တော်ယာဉ် ၁၅၂ စီးဖြင့် နေ့စဉ်ပြေးဆွဲပေးလျက်ရှိကာ သတ်မှတ်နှုန်းထားဖြင့် အလွယ်တကူ လိုက်ပါစီးနင်းနိုင်ရန် စီမံထားလျက်ရှိပါတယ်။ ကျိုက်ထီးရိုးတောင်တော်တစ်လျှောက် အထင်ကရနေရာများဖြစ်သည့် မုဆိုးတောင်၊ ကျီးကန်းပါးစပ်လိုဏ်ဂူ၊ ကျောက်ထပ်ကြီးစေတီ၊ ရေတံခွန်စတဲ့နေရာများ၊ ရင်ပြင်တော်ဈေးဆိုင်တန်းတစ်လျှောက်ရှိ ထမင်းဆိုင်များ၊ အမှတ်တရအရောင်းဆိုင်များ၌ ဘုရားဖူးများဖြင့် စည်ကားလျက်ရှိတဲ့အပြင် အခမဲ့နှင့်အခပေးတည်းခိုဆောင်များ၊ ရင်ပြင်တော်တို့တွင်လည်း တည်းခိုနေထိုင်သူများပြားလျက်ရှိကြောင်း သိရပါတယ်။ (NVS 004)

07 Jan

ADVERTISE HERE .