“မြန်မာနိုင်ငံတော်ယာယီသမ္မတက အာဆီယံဥက္ကဋ္ဌရဲ့ ကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ”

07 Jan

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အာဆီယံဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်၊ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး H.E. Ms. Maria Theresa Parreno Lazaro ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို ဇန်နဝါရီလ ၆ ရက်က နေပြည်တော်ရှိ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံးဧည့်ခန်းမမှာ လက်ခံတွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံရာမှာ မြန်မာနိုင်ငံအနေနဲ့ အာဆီယံအဖွဲ့အတွင်း ပူးပေါင်းဆောင်ရွက်မှုများကို အကောင်းဆုံး ဖြစ်အောင် ပူးပေါင်းဆောင်ရွက်လျက်ရှိမှုအခြေအနေများနှင့် မြန်မာနိုင်ငံနှင့်ဖိလစ်ပိုင်နိုင်ငံတို့အကြား သံတမန် ဆက်ဆံမှုများ ကောင်းမွန်လျက်ရှိမှုအခြေအနေများ၊ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် မဲမသမာမှုများ ကြီးမားစွာ ဖြစ်ပွားခဲ့ပြီး နိုင်ငံတော်၏အာဏာကို မတရားသောနည်းဖြင့်ရယူရန် ကြိုးပမ်းခဲ့မှုကြောင့် နိုင်ငံတော်၏တာဝန်ကို မလွှဲမရှောင်သာရယူခဲ့ရတဲ့အခြေအနေများ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်တိုးတက်ပြောင်းလဲမှုများနှင့် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်စေရေးနှင့် မဲစာရင်းများ မှန်ကန်မှုရှိစေရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ခဲ့မှုများကို ဆွေးနွေးပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်တွင် ရွေးကောက်ပွဲပထမပိုင်းကို အောင်မြင်စွာကျင်းပနိုင်ခဲ့မှုနှင့် ရွေးကောက်ပွဲကျင်းပပြုလုပ်ရန် ကျန်ရှိသည့်မြို့နယ်များ၌ ရွေးကောက်ပွဲ အပိုင်း (၂) နှင့် အပိုင်း (၃) ကို ဆက်လက် ကျင်းပပြုလုပ်သွားမည့် အခြေအနေများ၊ ရွေးကောက်ပွဲအပိုင်း (၁)ကျင်းပပြုလုပ်ချိန်တွင် နိုင်ငံတကာမှ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များ လာရောက်လေ့လာခဲ့မှုနှင့် ဖိလစ်ပိုင်နိုင်ငံမှ ပါဝင်ဆောင်ရွက်ခဲ့ပြီး ရွေးကောက်ပွဲနှင့် ပတ်သက်တဲ့ ကောင်းမွန်သည့်သုံးသပ်မှုများကို ရရှိခဲ့မှုအခြေအနေများ၊ မြန်မာနိုင်ငံ၌ရွေးကောက်ပွဲ ကျင်းပပြုလုပ် နေခြင်းက မြန်မာနိုင်ငံသားများအားလုံးရဲ့ ဒီမိုကရေစီအခွင့်အရေးများ ဆုံးရှုံးမှုမရှိစေရေးဆောင်ရွက်ပေးတဲ့ အခြေအနေများ၊ မြန်မာနိုင်ငံနှင့်ဖိလစ်ပိုင်နိုင်ငံတို့အကြား နိုင်ငံရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍနှင့် ကုန်သွယ်မှုကဏ္ဍတို့မှာ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်သွားမည့် အခြေအနေများနှင့် မြန်မာနိုင်ငံအနေနဲ့ အာဆီယံအဖွဲ့အတွင်း ပူးပေါင်းဆောင်ရွက်မှုများကို အကောင်းဆုံးဖြစ်အောင် ဆက်လက်မြှင့်တင်ဆောင်ရွက်သွားမည့် အခြေအနေများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါတယ်။ အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ နှင့်အတူ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန်းဆွေ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းတို့ တက်ရောက်ကြပြီး အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ဖိလစ်ပိုင်နိုင်ငံသံရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။ (NVS 004)

07 Jan

ADVERTISE HERE .