“မန်းရွှေစက်တော်ဘုရားကြီးတွင် တည်းခိုဆောင်နှင့် ဈေးဆိုင်ခန်းများ ဆောက်လုပ်လျက်ရှိ”

07 Jan

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားကြီး၏ဘုရားပွဲတော်သို့ လာရောက်မည့် ဘုရားဖူးများ အဆင်ပြေစေရေးအတွက် တည်းခိုဆောင် ၅၁၉ ခန်းနှင့် ဈေးဆိုင်ခန်း ၇၇၉ ခန်းကို ဆောက်လုပ်လျက် ရှိကြောင်း သိရပါတယ်။ အဆိုပါတည်းခိုဆောင်နှင့် စျေးဆိုင်ခန်းများကို မန်းရွှေစက်တော်ဘုရားပွဲတော်ကာလအတွင်း အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးလာသူများ တည်းခိုနေထိုင်စားသောက်မှု အဆင်ပြေစေရေးအတွက် မန်းချောင်းသောင်ပြင်ပေါ်မှာ ဆောက်လုပ်လျက်ရှိခြင်းဖြစ်ကြောင်း သိရပါတယ်။ တည်းခိုဆောင်ငှားရမ်းခအနေနဲ့ အထူးခန်း(VIP) တည်းခိုဆောင် ရေစပ်(ကမ်းစပ်)တစ်ခန်းကို တစ်ရက်လျှင် ငွေကျပ် ၁၁၀,၀၀၀၊ ရိုးရိုးတည်းခိုဆောင် ရေစပ်(ကမ်းစပ်)တစ်ခန်းအား တစ်ရက်လျှင် ငွေကျပ် ၈၀,၀၀၀၊ ငွေကျပ် ၆၀,၀၀၀၊ ရိုးရိုးတည်းခိုဆောင် ရေစပ်(ကမ်းစပ်)တစ်ခန်းအား တစ်ရက်လျှင် ငွေကျပ် ၆၀,၀၀၀၊ ကုန်းပေါ်တစ်ခန်းအား တစ်ရက်လျင် ငွေကျပ် ၄၀,၀၀၀ သတ်မှတ်ထားကြောင်း သိရပါတယ်။ တည်းခိုဆောင်ငှားရမ်းခများကို သတ်မှတ်ချက်ထက် ပိုမိုကောက်ခံပါက တိုင်ကြားနိုင်ပြီး ထိရောက်စွာ အရေးယူဆောင်ရွက်သွားမယ်လို့ မန်းရွှေစက်တော်ဘုရားပွဲတော်ကျင်းပရေးဦးစီးကော်မတီကနေ သိရပါတယ်။ မန်းရွှေစက်တော်ဘုရားပွဲတော်ကို ဇန်နဝါရီလ ၂၂ ရက်မှ ဧပြီလ ၁၇ ရက်အထိ ၈၆ ရက်ကြာကျင်းပသွားမည်ဖြစ်ပြီး ဘုရားဖူးများသွားလာရေးအဆင်ပြေစေရန် သောင်ပြင်အတွင်း ယာယီဘေလီသံပေါင်တံတားတစ်စင်းကို တပ်ဆင် ဆောက်လုပ်ပေးထားကာ မင်ဘူး-ရွှေစက်တော်၊ ရွှေစက်တော်အခြေပြု တောင်ပေါ်-တောင်အောက်နှင့် ရွှေစက်တော်-ဆင်စခန်း မော်တော်ယာဉ်လိုင်းများကိုလည်း ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)

07 Jan

ADVERTISE HERE .