“ဒဂုံမြို့နယ် ယာယီနေရပ်စွန့်ခွာပြည်သူများကို အိမ်ထောင်စု လူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးလျက်ရှိ”
07 Jan
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၊ ဘုရားကြီးရပ်ကွက်၊ ကျောက်စိမ်းတွင်းဓမ္မာရုံတွင် ဇန်နဝါရီလ ၆ ရက်နံနက် ၉ နာရီအချိန်က ကချင်ပြည်နယ် ဗန်းမော်အသင်းမှ ယာယီနေရပ်စွန့်ခွာပြည်သူများကို ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခဲ့ပါတယ်။ ကချင်ပြည်နယ် ဗန်းမော်အသင်းမှ ယာယီနေရပ်စွန့်ခွာပြည်သူများကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ကျောက်တံတားခရိုင်ဦးစီးမှူးနှင့် ခရိုင်မြို့နယ် ဝန်ထမ်းများက ကျောက်စိမ်းတွင်းဓမ္မာရုံတွင် ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသား စိစစ်ရေးကတ်ပြားအသစ်၊ မိတ္တူများ ပြုလုပ်ပေးခဲ့ခြင်းဖြစ်ပါတယ်။ ကချင်ပြည်နယ် ဗန်းမော်မြို့မှ ယာယီနေရပ်စွန့်ခွာပြည်သူ ၇၆ ဦးကို ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအသစ်နှင့် မိတ္တူများ ဆောင်ရွက်ပေးခဲ့ကြောင်း ဒဂုံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနရုံးမှ သိရပါတယ်။ (NVS 004)