“ရန်ကုန်စတော့အိတ်ချိန်း၏ ၂၀၂၆ နှစ်စဈေးကွက်အစတွင် တန်ဖိုး ကျပ် ၁၃ ဒသမ ၀၂ သန်း ရောင်းချနိုင်ခဲ့”

06 Jan

ရန်ကုန်စတော့အိတ်ချိန်း၏ ၂၀၂၆ ခုနှစ်၊ နှစ်စ ဈေးကွက်စတင်ဖွင့်လှစ်တဲ့ ဇန်နဝါရီလ ၅ ရက်မှာ တစ်နေ့တာ စတော့ရှယ်ယာအရောင်းအဝယ်ဖြစ်မြောက်မှုတန်ဖိုး ကျပ် ၁၃ ဒသမ ၀၂ သန်းရှိခဲ့ကြောင်း ရန်ကုန်စတော့အိတ်ချိန်းမှ သိရပါတယ်။ ရန်ကုန်စတော့အိပ်ချိန်းမှာ FMI(First Myanmar Investment Public Co.Ltd)၊ MTSH(Myanmar Thilawa SEZ Holdings Public Co.,Ltd)၊ MCB(Myanmar Citizen Bank Ltd)၊ FPB(First Private Bank Limited၊ TMH(TMH Telecom Public Co.,Ltd)၊ EFR(Ever Flow River Group Public Co.,Ltd)၊ AMATA (Amata Holding Public Co.,Ltd)၊ MAEX (Myanmar Agro Exchange Public Co.,Ltd) စသည့်ကုမ္ပဏီ ၈ ခုတို့က စတော့ရှယ်ယာအရောင်းအဝယ် ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၅ ရက်မှာ အရောင်းအဝယ်ဖြစ်မြောက်တဲ့ အစုရှယ်ယာအရေအတွက်စုစုပေါင်း (Total Trading Volume) ၅,၃၆၉ စောင်ရှိပြီး အရောင်းအဝယ်ဖြစ်မြောက်သည့်အစုရှယ်ယာတန်ဖိုးစုစုပေါင်း (Total Trading Value) ကျပ် ၁၃ ဒသမ ၀၂ သန်းကျော်ရှိခဲ့ပါတယ်။ ရန်ကုန်စတော့အိတ်ချိန်း၏ တစ်နေ့တာရှယ်ယာအပိတ်ဈေးနှုန်းများအနေနဲ့ FMI က ကျပ် ၈,၆၀၀ ရှိခဲ့ကာ ရှယ်ယာ ၁၆ စောင် အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ MTSH က ရှယ်ယာအပိတ်ဈေး ကျပ် ၃,၇၀၀ ရှိခဲ့ကာ ရှယ်ယာ ၁,၁၁၈ စောင်၊ MCB က ရှယ်ယာအပိတ်ဈေး ကျပ် ၇,၈၀၀ ရှိခဲ့ကာ ရှယ်ယာ ၇၉ စောင်၊ FPB က ရှယ်ယာအပိတ် ဈေး ကျပ် ၂,၄၅၀ ရှိခဲ့ကာ ရှယ်ယာ ၁,၀၃၄ စောင်၊ TMH က ရှယ်ယာအပိတ်ဈေး ကျပ် ၃,၅၅၀ ရှိခဲ့ကာ ရှယ်ယာ ၃၅ စောင်၊ EFR က ရှယ်ယာအပိတ်ဈေး ကျပ် ၁,၆၅၀ ရှိခဲ့ကာ ရှယ်ယာ ၂,၈၇၁ စောင်၊ AMATA က ရှယ်ယာ အပိတ်ဈေး ကျပ် ၄,၉၀၀ ရှိခဲ့ကာ ရှယ်ယာ ၁၆၇ စောင်၊ MAEX က ရှယ်ယာအပိတ်ဈေး ကျပ် ၃,၂၅၀ ရှိခဲ့ကာ ရှယ်ယာ ၄၉ စောင် အရောင်းအဝယ်ဖြစ်ပေါ်ခဲ့ပါတယ်။ ရန်ကုန်စတော့အိတ်ချိန်း၏ စာရင်းဝင်အကြိုဈေးကွက် တစ်နေ့တာ အရောင်းအဝယ် ဖြစ်မြောက်မှုအနေနဲ့ အစုရှယ်ယာအရေအတွက်စုစုပေါင်း ၁၁,၉၉၉ စောင်ရှိပြီး အရောင်းအဝယ် ဖြစ်မြောက်တဲ့ အစုရှယ်ယာတန်ဖိုး ကျပ် ၁၆၅ ဒသမ ၁၁ သန်းရှိပါတယ်။ စာရင်းဝင်အကြိုဈေးကွက် တစ်နေ့တာရှယ်ယာအပိတ်ဈေးအနေနဲ့ MAGDPL (Myanmar Agricultural & General Development Public Co.,Ltd) က ကျပ် ၂,၇၀၀ နဲ့ ရှယ်ယာစောင်ရေ ၈,၈၉၆ စောင်၊ GBS Agricultural Services Public Co.,Ltd က ရှယ်ယာအပိတ်ဈေး ကျပ် ၄၆,၀၀၀ ရှိခဲ့ကာ စုစုပေါင်းရှယ်ယာစောင်ရေ ၃,၁၀၃ စောင် အရောင်းအဝယ်ဖြစ်ပေါ်ခဲ့ပါတယ်။ (NVS 004)

06 Jan

ADVERTISE HERE .