“ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့မှ လွှတ်တော်ကိုယ်စားလှယ်စာရင်းထုတ်ပြန်”

06 Jan

ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့၏ တိုင်းဒေသကြီးလွှတ်တော် (သို့) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများစာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ဇန်နဝါရီလ ၅ ရက်မှာ ကြေညာချက်အမှတ် (၈ /၂၀၂၆) ကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ရွေးကောက်ပွဲမှာ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့်ပြည်နယ် ကော်မရှင်အဖွဲ့ခွဲများက တိုင်းဒေသကြီး လွှတ်တော်(သို့) ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၄၉(ခ)နှင့်အညီ ရွေးကောက်တင်မြှောက်ခံရသူများ၏ အမည်စာရင်းကိုထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ ချင်းပြည်နယ် (မဲအများဆုံးရသူအနိုင်ယူစနစ်)မှာ USDP ပါတီမှ ၁ ဦး၊ ဇိုမီးအမျိုးသားပါတီမှ ၁ ဦး၊ ချင်းပြည်နယ် (အချိုးကျကိုယ်စားပြုစနစ်) မဲဆန္ဒနယ်အမှတ်(၁) တွင် USDP ပါတီမှ ၅ ဦး၊ ဇိုမီးအမျိုးသားပါတီမှ ၃ ဦး၊ ချင်းပြည်သစ်ကွန်ဂရက်ပါတီမှ ၁ ဦးတို့ ရွေးကောက်တင်မြှောက်ခံခဲ့ရကြောင်း သိရပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်၊ မဲအများဆုံးရသူအနိုင်ယူစနစ်မှာ USDP ပါတီမှ ၂ ဦး၊ ရခိုင့်ဦးဆောင်ပါတီမှ ၁ ဦး၊ ရခိုင်ပြည်နယ်(အချိုးကျကိုယ်စားပြုစနစ်) မဲဆန္ဒနယ်အမှတ် (၁) တွင် USDP ပါတီမှ ၆ ဦး၊ ရခိုင့်ဦးဆောင်ပါတီမှ ၂ ဦး၊ ရခိုင်တိုင်းရင်းသားများပါတီမှ ၂ ဦးတို့ ရွေးကောက်တင်မြှောက်ခံခဲ့ရပါတယ်။ ရခိုင်ပြည်နယ်(အချိုးကျကိုယ်စားပြုစနစ်) မဲဆန္ဒနယ်အမှတ်(၂)မှာ USDP ပါတီမှ ၃ ဦး၊ ရခိုင့်ဦးဆောင်ပါတီမှ ၂ ဦး၊ ရခိုင်တိုင်းရင်းသားများပါတီမှ ၂ ဦး၊ ရခိုင်ပြည်နယ်လွှတ်တော်(ချင်းတိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်)မှာ USDP ပါတီမှ ၁ ဦးတို့ ရွေးကောက်တင်မြှောက်ခြင်းခံခဲ့ရကြောင်း သိရပါတယ်။ (NVS 004)

06 Jan

ADVERTISE HERE .