“မန္တလေးငလျင်ကြီးမှာ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့တဲ့ အရန်မီးသတ်စခန်းများကို ဂုဏ်ပြုလက်မှတ်များချီးမြှင့်”

06 Jan

၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်မှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းမန္တလေးငလျင်ကြီးမှာ ရှာ‌ဖွေကယ်ဆယ်ရေး လုပ်ငန်းများတွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့တဲ့ အရံမီးသတ်စခန်း ၅ ခုကို ပြည်ထဲရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဂုဏ်ပြုလက်မှတ်များချီးမြှင့်ခံခဲ့ရကြောင်း သိရပါတယ်။ ဂုဏ်ပြုလက်မှတ်ချီးမြှင့်ခံရတဲ့ အရန်မီးသတ်စခန်းများမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စခန်းများဖြစ်ပြီး ပုလဲအရန်မီးသတ်စခန်းအပါအဝင် မြောက်ဥက္ကလာပမြို့နယ် အရန်မီးသတ်စခန်း၊ ကျောက်တံတားမြို့နယ် အရန်မီးသတ်စခန်း၊ အလုံမြို့နယ် အရန်မီးသတ်စခန်းနှင့် တွံတေးမြို့နယ် စိတ္တသုခအရန်မီးသတ်စခန်းတို့ ပါဝင်ကြောင်း သိရပါတယ်။ အဆိုပါ ဂုဏ်ပြုကြောင်းအသိပေးစာကို ဇန်နဝါရီလ ၄ ရက်က ပြည်ထဲရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ချီးမြှင့်လိုက်ခြင်းဖြစ်ကြောင်း သိရပါတယ်။ (NVS 004)

06 Jan

ADVERTISE HERE .