“ရန်ကုန်အဝေးသင်တက္ကသိုလ်မှာ Post Graduate Diploma In Business သင်တန်းဖွင့်လှစ်မည်”
06 Jan
ရန်ကုန်အဝေးသင်တက္ကသိုလ်၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှု အစီအစဉ်နဲ့ စီးပွားရေးပညာဌာနမှ ဦးစီး၍ Post Graduate Diploma in Business (PGDB) သင်တန်းကို Online နဲ့ သင်ကြားပို့ချမည်ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါဘွဲ့လွန်ဒီပလိုမာသင်တန်းအတွက် အသိအမှတ်ပြုတက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူများ လျှောက်ထား နိုင်ပြီး မတ်လ ၁ ရက်မှာ သင်တန်းကို ဖွင့်လှစ်မည်ဖြစ်ကာ သင်တန်းကာလ ၁၀ လ သတ်မှတ်ထားပါတယ်။ လျှောက်လွှာများကို ဇန်နဝါရီလ ၁၉ ရက်မှစတင်၍ စတင်လက်ခံမည်ဖြစ်ပြီး ဇန်နဝါရီလ ၃၀ ရက်မှာ လျှောက်လွှာ ပိတ်သိမ်းသွားမှာ ဖြစ်ပါတယ်။ သင်တန်းလျှောက်လွှာများကို ရန်ကုန်အဝေးသင်တက္ကသိုလ်၏ https://ecohrd.yude.edu.mmwebsite မှာ နံနက် ၉ နာရီမှစတင်၍ Online registration ပြုလုပ်၍ လျှောက်ထားနိုင်ကြောင်း သိရပါတယ်။ ကျောင်းအပ်နှံရာတွင် လိုင်စင်ဓါတ်ပုံ ၃ ပုံ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်း/မိတ္တူနှစ်စုံနှင့် ဘွဲ့လက်မှတ်၊ တက္ကသိုလ်ဝင်တန်းအောင် လက်မှတ် စတဲ့အထောက်အထားများကို ပူးတွဲ၍ တင်ပြလျှောက်ရမှာ ဖြစ်ပါတယ်။ သင်တန်းသားဦးရေကို ကန့်သတ်ထားပြီး သတ်မှတ်ဦးရေပြည့်ပါက register ပိတ်မည်ဖြစ်ပြီး သတ်မှတ်အရည်အချင်းနှင့်ပြည့်စုံပြီး Online registration အောင်မြင်သူများကို email နဲ့ အကြောင်းပြန်ကြားပေးမှာ ဖြစ်ပါတယ်။ (NVS 004)