“မန်းရွှေစက်တော်ဘုရားနယ်မြေအတွင်း မီးဘေးလုံခြုံရေးအတွက် စစ်ဆေးမှုများပြုလုပ်”

06 Jan

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားနယ်မြေအနီးဝန်းကျင်ကို ဘုရားပွဲတော် ကျင်းပနေစဥ် မီးဘေးလုံခြုံစေရေးအတွက် ရွှေစက်တော်နယ်မြေမီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက မီးဘေးလုံခြုံရေး အတွက်စစ်ဆေးမှုများကို ဇန်နဝါရီလ ၅ ရက်နံနက်ပိုင်းက ပြုလုပ်ခဲ့ကြပါတယ်။ မီးသတ်တပ်ဖွဲ့ဝင်များက မန်းရွှေစက်တော်ဘုရားနယ်မြေရှိ ကျေးရွာအတွင်းမှ နေအိမ်များမှာ ပေါ့ဆမှုကြောင့် မီးလောင်မှု၊ မီးလန့်မှုများမဖြစ်ပွားစေရေး၊ ကျေးရွာအတွင်း ထင်းမီး၊ မီးသွေးမီးဖိုနှင့် လျှပ်စစ်မီးများအသုံးပြု၍ ဂရုတစိုက်ချက်ပြုတ်သုံးစွဲရေး၊ နေအိမ်များမှာ မီးချိတ်၊ မီးကတ်၊ သဲပုံးနှင့် ရေပုံးများ အရန်သင့်ထားရှိရေးတို့ကို စစ်ဆေးခဲ့ကြကြောင်း သိရပါတယ်။ ဒါ့အပြင် မီးဖိုချောင်အနီးမှာ မီးလောင်လွယ်သော လောင်စာများ ထားရှိမှုမရှိ စေရေး၊ မီးသွေးနှင့်ထင်းမီး သုံးစွဲသူများ မြေစိုက်မီးဖိုကျင်းများတူး၍ လေကာထားရှိရေး၊ လျှပ်စစ်မီးလိုင်း၊ မီးကြိုးနှင့် မီးခလုပ်များကို စနစ်တကျသွယ်တန်းတပ်ဆင်ထားရှိရေး စတဲ့မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကို ကြည့်ရှုစစ်ဆေးပြီး အကြံပြု ဆွေးနွေးမှုများပြုလုပ်ခဲ့ကြကြောင်း သိရပါတယ်။ (NVS 004)

06 Jan

ADVERTISE HERE .