“ဖူခရက်ချ် ကို ရာသီကုန်အထိ အငှားခေါ်ယူခဲ့တဲ့ အေစီမီလန်အသင်း”
05 Jan
ဝက်စ်ဟမ်းအသင်းတိုက်စစ်မှူး ဖူခရက်ချ် ကို ရာသီကုန်အထိ အငှားနဲ့ခေါ်ယူလိုက်တယ်လို့ အေစီမီလန် အသင်း အတည်ပြုကြေညာပါတယ်။ အေစီမီလန်အသင်းအနေနဲ့ ရာသီအကုန်မှာ ဖူခရက်ချ် ကို အပြီးသတ်ခေါ်ယူခွင့်ကိုလည်း သဘောတူညီမှု ပါရှိတယ်လို့ သိရပါတယ်။ ဖူခရက်ချ် ဟာ ဝက်စ်ဟမ်းအသင်းအတွက် ၂၉ ပွဲသာ ကစားခွင့်ရခဲ့သလို ၃ ဂိုးသာ သွင်းယူထားနိုင်ခဲ့ပါတယ်။ အသက် ၃၂ နှစ်အရွယ် ဖူခရက်ချ် ကတော့ ပြီးခဲ့တဲ့ ၁ နှစ်ခွဲလုံးတွင် ဝက်စ်ဟမ်း အသင်းမှာ အခက်ခဲဆုံးအချိန်မှာတောင် အကူအညီတွေပေးခဲ့တဲ့အတွက် ဝက်စ်ဟမ်းအသင်းကို ကျေးဇူးတင်ပါတယ်လို့ သူ့ရဲ့ အင်စတာဂရမ်မှာ ရေးသားထားပါတယ်။ ဖူခရက်ချ် ဟာ ရာသီအကုန်မှာ ဝက်စ်ဟမ်းအသင်း ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ ဆုတောင်းပေးတယ်လို့ ရေးထားခဲ့ပါတယ်။ ဝက်စ်ဟမ်းအသင်းက ပရီးမီးယားလိဂ်အဆင့် (၁၈) နေရာမှာ ရပ်တည်နေတာဖြစ်ပြီး အေစီမီလန် အသင်းကတော့ ဇယားထိပ်ဆုံးက အင်တာမီလန်အသင်းနဲ့ ၁ မှတ်အကွာဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ (NVS 008)