“ဒီကလန်ရိုက် က ကမ္ဘာ့အကောင်းဆုံးတစ်ယောက်ဖြစ်တယ်လို့ ချီးကျူးပြောကြားခဲ့တဲ့ အာတီတာ”

05 Jan

အာဆင်နယ်အသင်းနည်းပြ အာတီတာ က အသင်းကစားသမား ဒက်ကလန်ရိုက် ကို ကမ္ဘာ့အကောင်းဆုံး တွေထဲက တစ်ယောက်လို့ ချီးကျူးခဲ့ပါတယ်။ ဒီကလန်ရိုက်စ် ဟာ ဘုန်းမောက်အသင်းနဲ့ပွဲစဉ်မှာ အသင်းအတွက် အနိုင်ဂိုး၊နှစ်ဂိုးစလုံးကို ဒုတိယပိုင်းမှာ သွင်းယူပေးခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာ ဒီကလန်ရိုက်စ် ဟာ ခံစစ်ပိုင်းထက် တိုက်စစ်ကို လိုက်လံပုံ‌ဖော်ပေးရတာ ဖြစ်ပါတယ်။ ဒါကြောင့် အာတီတာ က ဒီကလန်ရိုက်စ် ဟာ အသင်းမှာရှိတဲ့ သူ့ရဲ့အခန်းကဏ္ဍ၊ သူ့ရဲ့ပွဲကို ပုံမှန်မြှင့်တင် နေပြီး အသင်းအတွက် အဓိကကျတဲ့ ကစားသမားတစ်ယောက်ပါဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။ ဒီကလန်ရိုက်စ် ဟာ ၂၀၂၃ ခုနှစ်မှာ ဝက်စ်ဟမ်းအသင်းကနေ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၀၅ သန်းနဲ့ အာဆင်နယ်အသင်းထံ ရောက်ရှိလာတာဖြစ်ပါတယ်။ (NVS 008)

05 Jan

ADVERTISE HERE .