“အမ်ဘာပေ ပြန်ကစားနိုင်မယ့်အချိန်ကို မသိရှိကြောင်းပြောကြားခဲ့တဲ့ အလွန်ဆို”
05 Jan
ရီးရဲလ်အသင်းနည်းပြ ရှာဘီအလွန်ဆို က အသင်းတိုက်စစ်မှူး အမ်ဘာပေ ပြန်လည်ပါဝင် ကစားနိုင်မယ့် အချိန်ကို မသိရှိသေးကြောင်း ဖွင့်ဟပြောကြားခဲ့ပါတယ်။ အလွန်ဆို က ကလပ်အနေနဲ့ အမ်ဘာပေ အမြန်ဆုံးပြန်ကစားနိုင်ဖို့ လုပ်ဆောင်နေကြောင်းလည်း မှတ်ချက် ပြုပြောကြားခဲ့တယ်။ ရီးရဲလ်အသင်းက အမ်ဘာပေ ဘယ်ဘက်ဒူးဒဏ်ရာရရှိမှုကို ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က အတည်ပြု ကြေညာခဲ့ပါတယ်။ အမ်ဘာပေ ဟာ ဘက်တစ်အသင်းနဲ့ ပွဲစဉ်ကို သေချာပေါက်လွဲချော်ခဲ့ရပြီး လာမယ့်အပတ် စပိန်စူပါ ဖလားပွဲလည်း ပါဝင်ကစားနိုင်ဖို့ မသေချာသေးပါဘူး။ ဘာပေ ဟာ အခုရာသီမှာ ပြိုင်ပွဲစုံ ၂၉ ဂိုးအထိ သွင်းယူ ပေးထား ပါတယ်။ ဒါ့အပြင် အခုရာသီလာလီဂါပွဲစဉ် ၁၈ ပွဲစလုံး ကစားပေးထားပြီး ၁၈ ဂိုးအထိ သွင်းယူထားနိုင် ခဲ့ပါတယ်။ (NVS 008)
05 Jan