“အသင်းကစားသမားတချို့ကို ထွက်ခွာခွင့်ပေးမှာမဟုတ်ဘူးလို့ဆိုတဲ့ အာမိုရင်မ်”
05 Jan
မန်ယူအသင်းနည်းပြ အာမိုရင်မ် က ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း အသင်းကစားသမားတချို့ကို ထွက်ခွာခွင့်မပေးနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။ ယခုအပြောင်းအရွှေ့ကာလမှာ ဇက်ဇီး၊ မိန်နူးစတဲ့ ကစားသမားတွေက အသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် အာမိုရင်မ် က အသင်းလူစာရင်းကနေ ကစားသမား တစ်စုံတစ်ယောက်ကို ထွက်ခွာခွင့်ပေးဖို့ မဖြစ်နိုင်ဘူးလို့ ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့နွေရာသီမှာ မန်ယူအသင်းက အမ်ဘူမို၊ ကူညာ၊ ရှက်ရှကို တို့ သုံးဦးခေါ်ယူမှုအတွက် ပေါင်သန်း ၂၀၀ အသုံးပြုခဲ့ပါတယ်။ လက်ရှိပရီးမီးယားလိဂ်မှာ အာဆင်နယ်၊ မန်စီးတီးအသင်းများရဲ့နောက် တတိယဂိုးအများဆုံး အဖြစ် ရပ်တည်နေပေမယ့် တခြားနေရာအချို့မှာ လိုအပ်ချက်တွေ ရှိနေပါတယ်။ မန်ယူအသင်းအနေနဲ့ ကွင်းလယ်၊ ခံစစ်အစွန်နေရာများကို လာမယ့်နွေရာသီမှာ အင်အားဖြည့်ဖို့လည်း ပြင်ဆင်နေပါတယ်။ (NVS 008)
05 Jan