“ချဲလ်ဆီးနည်းပြအဖြစ် စတင်ကိုင်တွယ်မယ့် လီယမ်ရိုစီနီယာ”

05 Jan

စထရာဘိုးအသင်းရဲ့နည်းပြ လီယမ်ရိုစီနီယာ ဟာ တနင်္ဂနွေနေ့က လန်ဒန်မြို့ကို ရောက်ရှိနေပြီး ချဲလ်ဆီး အသင်းနည်းပြအဖြစ် စတင်တာဝန်ယူတော့မယ်လို့ သိရပါတယ်။ ချဲလ်ဆီးအသင်းဟာ နည်းပြ မာရက်စကာ နဲ့ ဇန်နဝါရီလ ၁ ရက်မှာ လမ်းခွဲခဲ့တာဖြစ်ပြီး ဇန်နဝါရီလ ၄ ရက်က ကစား ခဲ့တဲ့ မန်စီးတီးအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ယူ-၂၁ အသင်းနည်းပြ မက်ဖာလိန်း က ယာယီနည်းပြအဖြစ် တာဝန်ယူကိုင်တွယ်ခဲ့ကာ တစ်ဖက် ၁ ဂိုးစီနဲ့ သရေရလဒ်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ စထရာဘိုးအသင်းဟာ ချဲလ်ဆီးအသင်းနဲ့ ပိုင်ရှင်တူအသင်းတစ်သင်းဖြစ်တာကြောင့် လီယမ်ရိုစီနီယာ ကို ချဲလ်ဆီးနည်းပြအဖြစ် ခန့်အပ်ဖို့ စီစဉ်တာဖြစ်ပြီး လီယမ်ရိုစီနီယာ က နိုက်စ်အသင်းနဲ့ပွဲကို ကိုင်တွယ်ပြီးမှ လန်ဒန်ကို ရောက်ရှိလာခြင်းဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းရဲ့ နည်းပြသစ်ဖြစ်လာဖို့ အခြားနည်းပြတချို့လည်း သတင်းများထွက်ပေါ်နေခဲ့ပေမယ့် လီယမ်ရိုစီနီယာ နည်းပြသစ်ဖြစ်လာဖို့ သေချာသလောက်ဖြစ်နေပြီး ယာယီနည်းပြ မက်ဖာလိန်း ကလည်း နည်းပြသစ် ဖြစ်လာလိမ့်မယ်လို့ မန်စီးတီးအသင်းနဲ့ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။ (NVS 008)

05 Jan

ADVERTISE HERE .