“မန္တလေးအိုးဘိုထောင်မှ အကျဉ်းသား ၂၈၃ ဦး ပြန်လည်လွတ်မြောက်”

05 Jan

(၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် လွတ်ငြိမ်းချမ်းသာခွင့်ပေးရာမှာ မန္တလေးအိုးဘိုထောင်မှ အကျဉ်းသား ၂၈၃ ဦး လွတ်မြောက်ခဲ့ကြောင်း သိရပါတယ်။ အခုလိုပြန်လည်လွတ်မြောက်သူများကို မန္တလေးတိုင်း ဒေသကြီးမှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး က အမှာစကားပြောကြားကာ လမ်းစရိတ် ချီးမြင့်ငွေများ ပေးအပ်၍ နေရပ်အသီးသီးကို ပြန်ခွင့်ပြုခဲ့တယ်လို့ သိရပါတယ်။ ဇန်နဝါရီလ ၄ ရက်မှာ ကျရောက်တဲ့ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် နိုင်ငံတစ်ဝန်း အကျဉ်းထောင်၊ အချုပ်ထောင် စခန်းအသီးသီး၌ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား၊ အကျဉ်းသူ ၆,၁၃၄ ယောက်နှင့် နိုင်ငံခြားသား အကျဉ်းသား/အကျဉ်းသူ ၅၂ ယောက်တို့ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် အဂတိမှု၊ လက်နက်မှု၊ မတရားအသင်းဆက်သွယ်မှု၊ မူးယစ်မှုစတဲ့ ခြွင်းချက်ပုဒ်မ ၉ ခုနှင့် ပြစ်ဒဏ်ကျခံနေသူများကို ကျန်ရှိသောပြစ်ဒဏ်၏ ၆ ပုံ ၁ ပုံ လျှော့ပေါ့ခံစားခွင့်ပြုခဲ့ကြောင်း သိရပါတယ်။ (NVS 004)

05 Jan

ADVERTISE HERE .