“ရခိုင်ပြည်နယ်လွှတ်တော်အဆောက်အဦကို အကြီးစားပြုပြင်လျက်ရှိ”
31 Dec
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ရခိုင်ပြည်နယ်လွှတ်တော်အဆောက်အဦအား အကြီးစားပြုပြင် ဆောင်ရွက် လျက်ရှိကြောင်း သိရပါတယ်။ အဆိုပါလုပ်ငန်းဆောင်ရွက်မှုများအား ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း က ဒီဇင်ဘာလ ၃၀ ရက် နံနက်ပိုင်းမှာ လွှတ်တော်အဆောက်အဦပင်မဆောင်ပြုပြင်နေမှု၊ အစည်းအဝေးခန်း၊ ရုံးခန်းများပြုပြင်နေမှု၊ လွှတ်တော်ရိပ်သာ၊ ထမင်းစားဆောင်နှင့် ရုံးခန်းများပြုပြင်နေမှုနှင့် လွှတ်တော်ဝင်းအတွင်း တို့ကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေး ကြပ်မတ်ဆောင်ရွက်ရန်နှင့် လိုအပ်သည်များကို သက်ဆိုင်ရာဌာန များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၈ ရက်မှာကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအပိုင်း(၁)ကို ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၃ မြို့နယ်မှာ မဲရုံပေါင်း ၁၆၄ ရုံဖွင့်လှစ်၍ ကျင်းပနိုင်ခဲ့ပါတယ်။ (NVS 004)