“ဒူးဒဏ်ရာခွဲစိတ်ကုသမှု ခံယူခဲ့တဲ့ နေမာ”
24 Dec
ဘရာဇီးလ်နာမည်ကျော်တိုက်စစ်ကစားသမား နေမာ ဟာ ဒူးဒဏ်ရာခွဲစိတ်ကုသမှု ခံယူခဲ့တယ်လို့ သိရပါတယ်။ အသက် ၃၃ နှစ်အရွယ် နေမာ ဟာ အခုရာသီအတွင်း ဒဏ်ရာပြဿနာတွေနဲ့ ဖြတ်သန်းခဲ့ရပေမယ့် ဆန်းတို့စ်အသင်းကိုတော့ တန်းဆင်းဇုန်ကနေ လွတ်မြောက်အောင် ကူညီပေးနိုင်ခဲ့ပါတယ်။ အခုခွဲစိတ်မှုဟာ ၂၀၂၃ ခုနှစ်က ရရှိခဲ့တဲ့ ဒူးဒဏ်ရာရဲ့ နောက်ဆက်တွဲ ခွဲစိတ်ကုသမှုလည်း ဖြစ်ပါတယ်။ နေမာ အနေနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားမှာ ဘရာဇီးလ်အသင်းနဲ့ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ စိတ်အားထက်သန်နေပြီး ဘရာဇီးလ်အသင်းအတွက် ၁၂၈ ပွဲမှာ ၇၉ ဂိုး သွင်းယူပြီး ဂိုးအများဆုံး ဖြစ်နေပါတယ်။
24 Dec