“ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားမည်”

24 Dec

ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရေး အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပြီး လုပ်ငန်းများ ဆောင်ရွက်ရာမှာ စိန်ခေါ်မှုနှင့် ကန့်သတ်ချက်များရှိနိုင်ကြောင်း ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် က ချင်းပြည်နယ်အစိုးရရုံးမှာ ကျင်းပတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာလုပ်ငန်း ညှိနှိုင်းအစည်းအဝေးမှာ ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပမည့် နေ့ရက်နှင့် ရက်ပိုင်းမျှသာ နီးကပ်လာပြီဖြစ်ပြီး ကျန်ရှိတဲ့ အဖိုးတန်အချိန်အတွင်းမှာ လုပ်ဆောင်ရမည့်လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြည်နယ်ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။ ရွေးကောက်ပွဲက နိုင်ငံတော်အတွက် အရေးကြီးလုပ်ငန်းဖြစ်တဲ့အတွက် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပ နိုင်ရေး အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း လုပ်ငန်းများဆောင်ရွက်ရာမှာ စိန်ခေါ်မှုနှင့် ကန့်သတ် ချက်များရှိနိုင်ကြောင်း၊ မလွန်ဆန်နိုင်တဲ့ဖြစ်ရပ်များမှအပ လုံလဝီရိယစိုက်ထုတ်မှုအပိုင်း၌ ပြောစရာမရှိအောင်ကို ထုတ်ဆောင်ရွက်ရမည်ဖြစ်ပြီး ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် တတ်စွမ်းသမျှ ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်းလည်း ပြည်နယ်ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။ လာမည့်ရွေးကောက်ပွဲ အပိုင်း(၁)ကို ဒီဇင်ဘာလ ၂၈ ရက်၌ စတင်ကျင်းပမည်ဖြစ်ပြီး အပိုင်း(၂)ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၁ ရက် နှင့် အပိုင်း(၃)ကို အပိုင်း(၂)ကျင်းပပြီး နှစ်ပတ်အကြာ၌ ကျင်းပမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)

24 Dec

ADVERTISE HERE .