“မြန်မာနိုင်ငံသို့ ခွင့်ပြန်သူများအနေနဲ့ ရွှေ့ပြောင်းလုပ်သားအဝင်မှာ သတင်းပို့ရမည်”
24 Dec
မြန်မာနိုင်ငံသို့ ခွင့်ဖြင့်ပြန်လည်ရောက်ရှိသည့် လုပ်သားများအနေဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ဆိုက်ရောက် (Arrival) တွင်ထားရှိသည့် ရွှေ့ပြောင်းလုပ်သား အဝင်သတင်းပို့ကောင်တာ (Arrival Counter) မှာ မပျက်မကွက် သတင်းပို့ကြရန် အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။ အခုလိုပြုလုပ်ရခြင်းက ခွင့်ပြီးဆုံး၍ ပြန်ထွက်ခွာရာ၌ စိစစ်မှုများမှာ နှောင့်နှေးကြန့်ကြာမှု မရှိစေရန် ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်အရ သိရပါတယ်။ (NVS 004)
24 Dec