၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဆီနီဂေါအသင်းနှင့်အိုင်ဗရီကို့စ်အသင်းတို့ ပရိသတ်မပါဝင်ဘဲ ကစားရမည့် အရေး နှင့်ရင်ဆိုင်နေရ

19 Dec

အာဖရိကအသင်းများဖြစ်ကြတဲ့ ဆီနီဂေါအသင်းနှင့်အိုင်ဗရီကို့စ်အသင်းတို့ဟာ လာမည့် ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲကို ပရိသတ်မပါဝင်ဘဲ သွားရောက်ကစားရမည့်အရေးနှင့် ရင်ဆိုင်နေရကြောင်း သိရပါတယ်။ အမေရိကန် အစိုးရက တောင်အာဖရိကနိုင်ငံများမှ အိုင်ဗရီကို့စ်နိုင်ငံနှင့်ဆီနီဂေါနိုင်ငံတို့ကို အမေရိကန်နိုင်ငံသို့ ပြည်ဝင်ခွင့် ပိတ်ပင်သည့် နိုင်ငံများစာရင်းတွင် ထည့်သွင်းခဲ့ပြီး ပြည်ဝင်ခွင့်ဗီဇာထုတ်ပေးမှုများကိုလည်း ရပ်ဆိုင်း ခဲ့သည့်အတွက် အိုင်ဗရီကို့စ်နိုင်ငံနှင့်ဆီနီဂေါနိုင်ငံတို့မှ အားပေးမယ့် ပြည်သူများအနေနဲ့ အမေရိကန်နိုင်ငံအတွင်း ဝင်ရောက်ခွင့် မရသဖြင့် အိုင်ဗရီကို့စ်အသင်းနှင့် ဆီနီဂေါအသင်းတို့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပရိသတ်မပါဘဲ ကစားရမည့်အရေး နှင့် ရင်ဆိုင်နေရပါတယ်။ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဆီနီဂေါအသင်းသည် ပြင်သစ်အသင်း၊ နော်ဝေအသင်းနှင့် Play-off အဆင့်မှ တက်ရောက်လာမည့် အသင်းတို့နှင့်တစ်အုပ်စုတည်း ကျရောက်နေပြီး ပြင်သစ်အသင်း၊ နော်ဝေအသင်းတို့နှင့် အုပ်စု ပွဲစဉ်များကို အမေရိကန်နိုင်ငံတွင် ကစားရမည်ဖြစ်ပြီး Play-off အဆင့်မှ အသင်းနှင့်ပွဲစဉ်ကို ကနေဒါနိုင်ငံတွင် ကစား ရမှာ ဖြစ်ပါတယ်။ အလားတူ အိုင်ဗရီကို့စ်အသင်းကလည်း ဂျာမနီအသင်း၊ အီကွေဒေါအသင်း၊ ကျူရာကာအို အသင်း တို့နှင့်တစ်အုပ်စုတည်းကျရောက်နေပြီး ကျူရာကာအိုအသင်း၊ အီကွေဒေါအသင်းတို့နှင့်အုပ်စုပွဲစဉ်များကို အမေရိကန် နိုင်ငံတွင် ကစားသွားမည်ဖြစ်ပြီး ဂျာမနီအသင်းနှင့်ပွဲစဉ်ကို ကနေဒါနိုင်ငံတွင် ကစားရမှာဖြစ်တဲ့အတွက် အိုင်ဗရီကို့စ် အသင်းနှင့်ဆီနီဂေါအသင်းတို့မှ ပရိသတ်များအနေဖြင့် ကနေဒါနိုင်ငံတွင်ကစားမည့် ပွဲစဉ်တစ်ပွဲကိုသာ ကြည့်ရှုခွင့် ရနိုင်ဖွယ်ရှိကြောင်း သိရပါတယ်။ (NVS 008)

19 Dec

ADVERTISE HERE .