“၂၀၂၅ ခုနှစ်အတွက် အကယ်ဒမီဆု စိစစ်ရေးလုပ်ငန်းများစတင်နေ”

16 Dec

၂၀၂၅ ခုနှစ်အတွက် အကယ်ဒမီဆု စိစစ်ရေးလုပ်ငန်းများ စတင်နေပြီး ရုပ်ရှင်ကား ၇၀ ကျော်ကို အကဲဖြတ်ကြည့်ရှုနေကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ သိရပါတယ်။ အကယ်ဒမီဆုပေးပွဲအတွက် စိစစ်အကဲဖြတ်ရန် အကဲဖြတ်အဖွဲ့ကို ဖွဲ့စည်းထားပြီး ယခုနှစ်တွင် ယခင်နှစ်များနှင့်မတူဘဲ ဆောင်ရွက်နေကြောင်း သိရပါတယ်။ အကဲဖြတ်အဖွဲ့အနေနဲ့ စုစုပေါင်း ရုပ်ရှင်ဇာတ်ကား ၇၀ ကျော်ကို တစ်ရက်လျှင် ဇာတ်ကား ၂ ကားမှ ၃ ကားအထိ ပြီးစီးအောင် ကြည့်ရှုအကဲဖြတ်ရန် ရည်ရွယ်ထားပြီး ပထမအဆင့်ကြည့်ရှုအကဲဖြတ်ခြင်းလုပ်ငန်းများကို ဇန်နဝါရီလအတွင်း ပြီးစီးနိုင်ရန် မျှော်မှန်းထားပါတယ်။ ဒါ့အပြင် ဒုတိယအဆင့်အကဲဖြတ်မှုများကို အကယ်ဒမီပွဲတော်မကျင်းပမီ သတ်မှတ်အချိန်အတွင်း ပြီးစီးအောင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု များ ပေးအပ်ချီးမြှင့်ရာတွင် ရုပ်ရှင်တစ်သက်တာဆု သုံးဆု၊ အထူးဆုတစ်ဆု အပါအဝင် အကယ်ဒမီဆုစုစုပေါင်း ၂၀ ဆု ချီးမြှင့်ပေးအပ်ခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်အတွင်း ရုံတင်ပြသခဲ့သည့် မြန်မာ့ရုပ်ရှင်ဇာတ်ကား ၄၉ ကားရှိခဲ့ပြီး ၎င်းဇာတ်ကားများအနက် ၁၈ ကားကို မြန်မာ့ရုပ်ရှင်စိစစ်အကဲဖြတ်ရေးအဖွဲ့က စိစစ်ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ (NVS 008)

16 Dec

ADVERTISE HERE .