“တရုတ်-မြန်မာ ယဉ်ကျေးမှုဖလှယ်ပွဲကျင်းပ”
15 Dec
မြန်မာ-တရုတ် ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းကုမ္ပဏီမှ တင်ဆက်သော E-LIGHT မြစ်တစ်စင်း၏ စေတနာ၊ ကမ်းနှစ်ဖက်၏ရုပ်ပုံလွှာ ဇာတ်လမ်းတိုနှင့် တရုတ်-မြန်မာ ယဉ်ကျေးမှုဖလှယ်ပွဲကို ဒီဇင်ဘာလ ၁၂ ရက်က မန္တလေးရုံးချုပ်မှာ ကျင်းပခဲ့ပါတယ်။ အဆိုပါ တရုတ်-မြန်မာယဉ်ကျေးမှုဖလှယ်ပွဲမှာ လေ့လာရေးခရီးစဥ်ထည့်သွင်းခဲ့ပြီး Beautiful China (လှပသောတရုတ်နိုင်ငံ) မှတ်တမ်းရုပ်ရှင်နှင့် တရုတ်ဟာသ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်ဖြစ်သည့် Moon Man (လပေါ်မှာ တစ်ယောက်တည်း) မြန်မာစာတန်းထိုး ရုပ်ရှင်ဇာတ်ကားတို့ကိုလည်း ပြသခဲ့ကြောင်း သိရပါတယ်။ မြန်မာ-တရုတ် ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းသည် မြန်မာနှင့်တရုတ်နှစ်နိုင်ငံ စွမ်းအင်ပူးပေါင်း ဆောင်ရွက်မှု၏ အရေးကြီးသောအောင်မြင်မှုဖြစ်ပြီး ကုမ္ပဏီအနေနဲ့ ပိုက်လိုင်းတစ်လျှောက်မှ စစ်မှန်သော ဇာတ်လမ်း များ၊ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အတွေ့အကြုံများနှင့် လူမှုရေးရာနွေးထွေးမှုများကို အခြေခံကာ E-Light(စွမ်းအင် အလင်း)က ပထဝီဝင်နယ်နမိတ်နှင့် ယဉ်ကျေးမှုကွဲပြားမှုများကို ဖြတ်ကျော်ပြီး အတူတကွပူးပေါင်းအောင်မြင်သော အနာဂတ်ကို ထွန်းလင်းစေပြီး ကမ္ဘာက တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှုမှ ပေါ်ထွက်လာသည့် တောက်ပသော လမ်းကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်း၊ ချစ်ကြည်ရင်းနှီးမှုလမ်းကြောင်းတို့ကို မြင်တွေ့စေလိုတယ်လို့ မြန်မာ-တရုတ် ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းကုမ္ပဏီ၏ အထွေထွေမန်နေဂျာ ဝမ်ချန် က ပြောကြားခဲ့ပါတယ်။ အဲဒီနောက် တက်ရောက်လာကြသူများမှ မန္တလေးဌာနချုပ်ရှိ အော်ပရေးရှင်းစင်တာ၊ ပိုးလမ်းမစာကြည့်တိုက်၊ ထိန်းချုပ်ရေးစင်တာနှင့် ကော်ပိုရိတ်ယဉ်ကျေးမှုပြခန်းတို့ကို ကြည့်ရှုလေ့လာခဲ့ကြပါတယ်။ တရုတ်-မြန်မာ ယဥ်ကျေးမှုဖလှယ်ပွဲက ရုပ်ရှင်ကိုကြားခံအဖြစ်၊ ယဉ်ကျေးမှုကိုတံတားအဖြစ် အသုံးပြုခဲ့ခြင်းဖြစ်၍ တရုတ်-မြန်မာ ဝန်ထမ်းများအပြင် ဒေသခံများကြား အပြန်အလှန်ယဉ်ကျေးမှု၊ နားလည်မှုနှင့် လက်ခံမှုတို့ တိုးပွားခဲ့ကြောင်း သိရ ပါတယ်။ (NVS 004)