“ဆီးဂိမ်းစ်ပြိုင်ပွဲဝင်ရန် မြန်မာအမျိုးသမီးဘော်လီဘောအသင်း ထိုင်းနိုင်ငံသို့ထွက်ခွာ”

09 Dec

(၃၃)ကြိမ်မြောက် ထိုင်းနိုင်ငံဆီးဂိမ်းစ် ဘော်လီဘောပြိုင်ပွဲဝင်မယ့် မြန်မာအမျိုးသမီး ဘော်လီဘောအသင်းဟာ ရန်ကုန်မြို့မှ ထွက်ခွာခဲ့ပြီး မြန်မာအမျိုးသားဘော်လီဘောအသင်းကတော့ ဒီဇင်ဘာလ ၁၁ ရက်မှာ ဆက်လက် ထွက်ခွာမှာဖြစ်ပါတယ်။ မြန်မာအမျိုးသမီး ဘော်လီဘောအသင်းမှာ အုပ်ချုပ်၊ နည်းပြ၊ ဒိုင် ၅ ဦးနဲ့ ကစားသမား ၁၂ ဦး လိုက်ပါသွားခဲ့ပြီး မြန်မာအမျိုးသား ဘော်လီဘောအသင်းမှာ အုပ်ချုပ်၊ နည်းပြ၊ ဒိုင် ၄ ဦးနဲ့ ကစားသမား ၁၂ ဦး လိုက်ပါသွားမှာ ဖြစ်ကြောင်း သိရပါတယ်။ အုပ်စုခွဲဝေထားမှုအရ မြန်မာအမျိုးသမီးအသင်းက အုပ်စု (B) မှာ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မလေးရှားအသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာပါတယ်။ မြန်မာအမျိုးသမီးဘော်လီဘောအသင်းဟာ အုပ်စုပထမပွဲအဖြစ် ဒီဇင်ဘာလ ၁၀ ရက်မှာ အင်ဒိုနီးရှားအသင်း၊ ဒီဇင်ဘာလ ၁၁ ရက်မှာ မလေးရှားအသင်း၊ ဒီဇင်ဘာလ ၁၂ ရက်မှာ ဗီယက်နမ်အသင်းတို့နဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ (NVS 008)

09 Dec

ADVERTISE HERE .