“၂၀၂၆ ကမ္ဘာ့ဖလားလက်မှတ် ကိုင်ဆောင်ထားသူများကို ဗီဇာဦးစားပေးထုတ်ပေးမည်”
19 Nov
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ၂၀၂၆ ကမ္ဘာ့ဖလားလက်မှတ် ကိုင်ဆောင်ထားသူများကို အမေရိကန် ပြည်ဝင်ခွင့်ဗီဇာ ဦးစားပေးထုတ်ပေးမယ်လို့ ကြေညာခဲ့ပါတယ်။ ကမ္ဘာ့ဖလားလက်မှတ် ကိုင်ဆောင်ထားသူများအနေနဲ့ ဗီဇာထုတ်ပေးရေး လူတွေ့စစ်ဆေးမှုကို ဦးစားပေး လုပ်ဆောင်သွားမယ်လို့ အိမ်ဖြူတော်မှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို က လက်မှတ်ကိုင်ဆောင်ထားပေမဲ့ ခရီးသွားဗီဇာအတွက် အာမခံချက်မရှိကြောင်း ဖွင့်ဟပြောကြားခဲ့ပါတယ်။ နိုင်ငံခြားသားတွေအနေနဲ့ ကောင်စစ်ဝန်ရုံးကို လျှောက်ထားတဲ့ ခြောက်ပတ်ကနေ ရှစ်ပတ်အတွင်း ပြည်ဝင်ခွင့်ဗီဇာရဖို့ အင်တာဗျူးဖြေရမယ်လို့ သိရပါတယ်။ အမေရိကန်ကို ကမ္ဘာ့ဖလားပွဲ လာရောက်ကြည့်ရှုဖို့ ခရီးသွား ၁၀ သန်းလောက် လာရောက်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ (NVS-008)
19 Nov