“နည်းပြ မာကိုဆေးလ်ဗား ကို စာချုပ်သစ်ချုပ်ဆိုဖို့ ကမ်းလှမ်းခဲ့တဲ့ ဖူလ်ဟမ်အသင်း”
19 Nov
ဖူလ်ဟမ်အသင်းဟာ နည်းပြ မာကိုဆေးလ်ဗားကို စာချုပ်သစ်ချုပ်ဆိုဖို့ ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။ ပေါ်တူဂီလူမျိုးနည်းပြ မာကိုဆေးလ်ဗား ရဲ့စာချုပ်ဟာ အခုရာသီကုန်မှာ သက်တမ်းကုန်ဆုံးမှာဖြစ်တာကြောင့် ဖူလ်ဟမ်အသင်းက လေးနှစ်သက်တမ်းရှိ စာချုပ်သစ်တစ်ရပ်နဲ့ ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။ ဖူလ်ဟမ်အသင်းအနေနဲ့ အခုရာသီမှာအနည်းငယ်ရုန်းကန်နေရပြီး တန်းဆင်းဇုန်နဲ့ တစ်မှတ်အကွာ အဆင့်(၁၅)နေရာမှာ ရပ်တည်နေပါတယ်။ ဒါပေမယ့်ဖူလ်ဟမ်ဘုတ်အဖွဲ့က မာကိုဆေးလ်ဗား ရဲ့ ငွေကြေးသုံးစွဲမှုကို သဘောကျနေကာ ပြီးခဲ့တဲ့နွေရာသီ မှာ ကစားသမားသစ် ၅ ဦးအတွက် ပေါင်သန်း ၄၀ ပဲ အသုံးပြုခဲ့ပါတယ်။ အဲဗာတန်အသင်းနဲ့ ဝက်ဖို့ဒ်အသင်း နည်းပြဟောင်းဖြစ်တဲ့ မာကိုဆေးလ်ဗားဟာ ဖူလ်ဟမ်အသင်းကို ၂၀၂၁ ခုနှစ်က ရောက်လာခဲ့ပြီး ၂၀၂၂ မှာ တန်းတက် စေခဲ့ကာ အခုချိန်အထိ ပရီးမီးယားလိဂ်မှာ ရှင်သန်စေခဲ့ပါတယ်။ (NVS-008)
19 Nov