အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ကုလသမဂ္ဂအထွေထွေညီလာခံ၌ မိန့်ခွန်းပြောကြား
28 Sep
အစ္စရေးဝန်ကြီးချုပ် နေတန် ယာဟုက နယူးယောက်မြို့ ကုလသမဂ္ဂအထွေထွေညီလာခံ၌ စက်တင်ဘာလ ၂၆ ရက်တွင် မိန့်ခွန်း ပြောကြားခဲ့သည်။ မကြာသေးမီက ပါလက်စတိုင်းနိုင်ငံအဖြစ် အသိအမှတ်ပြုထားသော ဗြိတိန်နှင့် ပြင်သစ်အပါအဝင် နိုင်ငံအချို့ကိုလည်း ၎င်းက ဝေဖန်ခဲ့သည်။ အစ္စရေးသည် ဂါဇာမြို့ကို သိမ်းပိုက်ရန် ၎င်း၏ စစ်ဆင် ရေးကို ဆက်လက်မြှင့်တင်သွားမည်ဖြစ်ကြောင်း နေတန်ယာဟု က အလေးပေးပြောကြားခဲ့သည်။ ပါလက်စတိုင်း နိုင်ငံထူထောင်ရေးကို ဆန့်ကျင်သည့် အစ္စရေး၏ရပ်တည်ချက်ကို နေတန်ယာဟု က အလေးပေး ပြောကြားခဲ့သည်။ ထို့ပြင် ပါလက်စတိုင်းနိုင်ငံထူထောင်ရေးအတွက် ထောက်ခံသည့်နိုင်ငံများသည် အောက်တိုဘာလ ၇ ရက်က ဖြစ်ပွား ခဲ့သည့် အကြမ်းဖက်လုပ်ရပ်ကို အားပေးခြင်းဖြစ်ကြောင်း နေတန်ယာဟု က ပြောကြားခဲ့ သည်။ ဂါဇာ၌ တိုက်ပွဲများချက်ချင်းရပ်တန့်ရန် ကုလသမဂ္ဂအဖွဲ့ဌာနချုပ်အနီးတွင် ပြည်သူများက စုဝေးဆန္ဒထုတ် ဖော်ခဲ့သည်။ အပစ်အခတ်ရပ်စဲရေးနှင့်လွတ်လပ်သည့် ပါလက်စတိုင်းနိုင်ငံကို ၎င်းတို့အနေဖြင့် မြင်ချင်ပါကြောင်း ဆန္ဒ ထုတ်ဖော်သူတစ်ဦးက ပြောကြားခဲ့သည်။ ဟားမတ်စ် ဖမ်းဆီးထားသော ဓားစာခံများ၏ဆွေမျိုးများနှင့် လွတ်မြောက် လာသူများအပါအဝင် အစ္စရေးအား ဆန့်ကျင်သူများ က စုဝေးဆန္ဒထုတ်ဖော်ခြင်းဖြစ်ကြောင်း NHK သတင်းဌာန ဖော်ပြချက်အရ သိရသည်။